BBC navigation

ရန်ကုန်မှာ နိုင်ငံတကာ IT ကုမ္ပဏီ တခု လုပ်ငန်း စတင်

နောက်ဆုံး ရေးသားချိန် 17 အောက်တိုဘာလ 2012 - 17:46 GMT
lan_it

ဂျပန် အိုင်တီ ကုမ္ပဏီ က LAN (Local Area Network) စနစ်တွေ တပ်ဆင်ပေးနိုင်

နိုင်ငံတကာ IT နည်းပညာ ကုမ္ပဏီ တခုဖြစ်တဲ့ ဂျပန် အခြေစိုက် NTT Com ကုမ္ပဏီ ဟာ ရန်ကုန်မှာ ရုံးခွဲတခု ဗုဒ္ဓဟူးနေ့ က ဖွင့်လှစ် လိုက်ပါတယ်။

NTT Com ကုမ္ပဏီ က မြန်မာနိုင်ငံမှာ အဓိကအားဖြင့် စီးပွားရေး ကုမ္ပဏီတခု အတွင်း ဆက်သွယ်ဆောင်ရွက်မှု တွေ ၊ တခါ မြန်မာပြည် က နိုင်ငံတကာ ကို ဖြန့်လိုတဲ့ ဒေတာ အချက်အလက် တွေကို နိုင်ငံတကာ ကို ဖြန့်ချိ နိုင်အောင် လုပ်ဆောင် တာတွေ စတဲ့ လုပ်ငန်းတွေကို ပထမ အဆင့်အနေနဲ့ စလုပ်ဆောင်မှာပါ။

NTT Com ကုမ္ပဏီ ရဲ့ မြန်မာပြည် ဆိုင်ရာ မန်နေဂျာ ဟာဂျီမီ မီယာဇာကီ က စီးပွားရေးဆိုင်ရာ ကုမ္ပဏီတွေ လုပ်ငန်းတွေ အနေနဲ့ သူတို့ စားသုံးသူ တွေ နဲ့ ဆက်ဆံဆောင်ရွက်ရာမှာ ဖြစ်စေ ၊ ဝန်ထမ်းဌာန အချင်းချင်း၊ ဝန်ထမ်း အချင်းချင်း ဆက်သွယ် ဆောင်ရွက်ရာမှာ ဖြစ်စေ လိုအပ်တဲ့ ဆက်သွယ်ရေး တွေ၊ ကွန်ဖရင့် ဆက်သွယ်စကားပြောတာတွေ၊ လုံခြုံရေး စနစ် တွေ ဒါ တွေ ကို လုပ်ဆောင် နိုင်မယ့် LAN ( Local Area Network) စနစ် ကို ရုံးတွင်း၊ ဒါမှမဟုတ် ကုမ္ပဏီ အတွင်းမှာ တပ်ဆင် နိုင်မယ့် ဝန်ဆောင်မှု ပေးသွားမှာပါ လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ က ဒေတာ အချက်အလက်တွေ ကို နိုင်ငံတကာ ကို ဖြန့်ချိ နိုင်စေဖို့ အချက်အလက် ဆက်သွယ်ပို့ဆောင်ရေး ကိုလည်း သူတို့ ရဲ့ တခြားနိုင်ငံမှာ ရှိတဲ့ Network ဌာန တွေ ကတဆင့် လုပ်ငန်း ဆောင်ရွက် သွားမယ့် အကြောင်း ပြောပါတယ်။

ဒီ NTT Com ကုမ္ပဏီ ဟာ ဂျပန်မှာ အခြေစိုက်ပြီး ဝန်ထမ်းအင်အား ဂျပန်မှာတင် ၈၀၀၀ ကျော်ပါတယ်၊ ထိုင်း ကရုံးခွဲမှာလည်း ဝန်ထမ်း ၂၅၀ ကျော်ရှိပါတယ်၊ မြန်မာပြည်မှာ တော့ ဝန်ထမ်းအင်အား အနည်းငယ်နဲ့ စတင်မှာ ဖြစ်ပေမယ့် မြန်မာပြည် တယ်လီကွန်မြူနီကေးရှင်း အခြေအနေ ၊ အစိုးရ က တယ်လီကွန်မြူနီကေးရှင်း လိုင်စင် ခွင့်ပြုချက် စတဲ့ အချက်တွေ ပေါ်မူတည်ပြီး သူတို့ရဲ့လုပ်ငန်းဆောင်ရွက်ချက် တွေ ကို ရှေ့မှာ ချဲ့ထွင်ဆောင်ရွက်သွားမယ် လို့လည်း မစ္စတာ မီယာဇာကီ က ပြောပါတယ်။

သူတို့ရဲ့ လုပ်ငန်း တွေ က မြန်မာပြည်ရဲ့ အင်တာနက် ကွန်ယက် ဆက်သွယ်ရေး အပေါ်မှာလည်း တစိတ်တပိုင်း မူတည် နေတဲ့အတွက် အင်တာနက် အခြေခံအဆောက်အအုံပိုင်း တိုးတက်လာစေရေး အတွက်လည်း သူတို့ စိတ်ပါဝင်စားကြောင်း NTT Com ကုမ္ပဏီ မြန်မာပြည် ဆိုင်ရာ မန်နေဂျာ က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။