BBC navigation

ရောင်စုံ သတင်းစာ စတင်ထုတ်ဝေ

နောက်ဆုံး ရေးသားချိန် 18 အောက်တိုဘာလ 2012 - 15:43 GMT
Burma's colour newspapers launch on 18 October

လူတွေ ကို ဆွဲဆောင် နိုင်ဖို့ အသွင်သစ်နဲ့ ရောင်စုံ မြန်မာ သတင်းစာ စတင်ထုတ်

မြန်မာ ဘာသာနဲ့ ထုတ်ဝေတဲ့ အစိုးရ နေ့စဉ်ထုတ် သတင်းစာ နှစ်စောင်ကို အောက်တိုဘာလ ၁၈ ရက် ကြာသပတေးနေ့က စတင်ပြီး ဆေးရောင်စုံ နဲ့ ပုံနှိပ် ဖြန့်ချိ လိုက်ပါတယ်။

သတင်းစာတွေ ကို ခေတ်နဲ့ အညီ အသွင် အပြင် ပြောင်းလဲတာ ဖြစ်သလို ပြည်သူတွေ ကိုလည်း ခေတ်မီတဲ့ အဆင် အပြင်တွေ ပြချင်တဲ့ အတွက် အခုလို ဆေးရောင်စုံနဲ့ ပုံနှိပ် ထုတ်ဝေတာ ဖြစ်တယ်လို့ မြန်မာ့ အလင်း သတင်းစာ ယာယီ အယ်ဒီတာချုပ် ဦးအောင်နိုင်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို သတင်းစာ အသွင် အပြင် ပြောင်းလဲဖို့ ကြိုတင် အချိန်ယူ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး သတင်းစာမှာ ရေးသားတဲ့ သတင်း တွေရဲ့ အရည် အသွေး မြင့်တက်လာ အောင်လည်း ဆက်လက် ကြိုးပမ်း နေပါတယ်လို့ သူက ပြော ပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာ အရေးအသားပိုင်း၊ ဓါတ်ပုံတွေ ဖော်ပြမှု စတာတွေက မျှော်မှန်း သလောက် အရည် အသွေး မပြည့်မီသေးဘဲ လိုအပ် ချက်တွေ ရှိနေသေး တယ်လို့ သူက ပြောပါတယ်။

ပြည်သူ့ အကျိုးပြု သတင်း မီဒီယာ အဆင့် ရောက်ရမယ်လို့ ရည်မှန်း ထားတဲ့ အတိုင်း ဆက်လက် လုပ်ဆောင် နေရာမှာ လိုအပ် ချက်တွေရှိတာ မှန်ပေမဲ့ အရင်က ထက်တော့ တိုးတက် လာတယ်လို့ ဦးအောင်နိုင်ဦးက ပြော ပါတယ်။

လောလောဆယ်မှာ နေပြည်တော် ပုံနှိပ်တိုက်က သတင်းစာ နှစ်မျိုးစလုံးကို ဆေးရောင်စုံ ရိုက်နှိပ် ထုတ်ဝေနိုင်ပေမဲ့ ရန်ကုန် ပုံနှိပ်တိုက်က ထုတ်ဝေတဲ့ ကြေးမုံနဲ့ မြန်မာ့ အလင်း သတင်းစာ တွေကိုတော့ ပုံနှိပ်စက် အခက် အခဲကြောင့် ကို တစ်ပတ် တစ်လှည့်စီ ပုံနှိပ် သွားမယ်လို့ သူက ပြောပါတယ်။

သတင်းသမား တစ်ယောက်လည်းဖြစ် သတင်းစာဖတ် ပရိတ်သတ် တစ်ယောက်လည်း ဖြစ်တဲ့ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကတော့ အစိုးရ သတင်းစာ တွေမှာ အရင်ကထက်ပိုပြိး ပွင့်ပွင့်လင်းလင်း ရေးသား လာတာတွေ တွေ့ရပေမဲ့ ခုချိန်ထိ သတင်း သမား ရင်ခုန်စရာ သတင်းမျိုးတော့ မတွေ့ရ သေးဘူးလို့ ပြောပါတယ်။

အဖြူ အမဲ သတင်းစာတွေ အဖြစ်က ရောင်စုံ သတင်းစာတွေ အဖြစ် ပြောင်းလဲ သွားရုံကလွဲပြီး အတွင်းမှာ ဖော်ပြတဲ့ သတင်း တွေက အရင်အတိုင်း အနှစ်သာရ မပြောင်းလဲဘူး ဆိုရင်တော့ ပြည်သူတွေ အားကိုးတကြီး ဖတ်ရှုမယ့် အဆင့်မျိုး ရောက်လာမှာ မဟုတ်ဘူး လို့ သူက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။