BBC navigation

အမေရိကန်နဲ့မြန်မာ လူ့အခွင့်အရေး ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2012 - 01:04 GMT
အမေရိကန် လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ် ပေါ်စနာ

အမေရိကန် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် ဝန်ကြီး မိုက်ကယ် ပေါ်စနာ

မြန်မာနိုင်ငံကို နှစ်ရက် ကြာသွားရောက်ခဲ့တဲ့ အမေရိကန် လူ့အခွင့်အရေး ဒီမိုကရေစီရေး ဆိုင်ရာ လက်ထောက်ဝန်ကြီး Michael Posner က လက်ရှိ အပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာအစိုးရနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ရင် ခိုင်မာတဲ့ ရလဒ်တွေ ရနိုင်တယ်လို့ ခရီးစဉ် ပြီးဆုံးတဲ့အခါ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဒီခရီးစဉ်အတွင်း ပထမဆုံးအကြိမ် လူ့အခွင့်အရေး ဆိုင်ရာနှစ်နိုင်ငံ ဆွေးနွေးပွဲတွေလုပ်ခဲ့ရာ နှစ်နိုင်ငံစစ်ဖက် အရာရှိကြီးတွေလည်း တက်ရောက်ကြပါတယ်။

အဲဒီဆွေးနွေးပွဲတွေမှာ ပွင့်ပွင့်လင်းလင်းရှိပြီး စစ်မြေပြင်မှာ လိုက်နာရမယ့် ကိစ္စတွေကိုအမေရိကန်က အကြံပြုဆွေးနွေးတာရှိသလို မြန်မာဘက်ကလည်း သူတို့မသိတဲ့အချက်တွေ ဥပမာနိုင်ငံရေး အကျဉ်းသားလိုကိစ္စတွေကို ပြောပြခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား တယောက်မကျန်ပြန်လွှတ်ပေးဖို့ အစီအစဉ်လည်းရှိကြောင်း အစည်းအဝေးတက်ရောက်တဲ့ သမ္မတရဲ့ ဥပဒေ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးစစ်အေးက ဘီဘီစီကို ပြောကြား သွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။