BBC navigation

လိင်လုပ်ငန်းမှာဥပဒေကင်းမဲ့လို့ HIV ပိုပြန့်

နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2012 - 16:45 GMT
_bbc_sexworkers

လိင်လုပ်သားများ ဥပဒေအကာအကွယ်မဲ့

ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အရှေ့အာရှ နဲ့ ပစိဖိတ် ဒေသ အတွင်း၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်းမှာ လိင်လုပ်ငန်းမှာ တရားဝင် ခွင့်ပြုမထားဘဲ ရာဇဝတ်မှု အဖြစ် သတ်မှတ် နိုင်နင်း ကြတဲ့ အတွက် HIV ခုခံ စွမ်းအား ကျဆင်းတဲ့ ရောဂါ ပိုမိုကျယ်ပြန့် လာတယ် လို့ ဖေါ်ပြထားပါတယ်။

ဒီအစီရင်ခံစာ အပေါ် မူတည်ပြီး မြန်မာနိုင်ငံတွင်း က လိင်လုပ်သား အမျိုးသမီးလေး တယောက် ကလည်း ပြည်တွင်းမှာ က ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ၊ ပ ပျောက်ရေး ဥပဒေ စတာတွေ အရ ပြည့်တန်ဆာ မှု နဲ့ ကျော်စောမှု စတာတွေနဲ့ ထောင်ဒဏ် ၁ နှစ် မှ ၅ နှစ် အထိ ချမှတ်လေ့ ရှိကြောင်း၊ အကာ အကွယ်ပေး တဲ့ ဥပဒေ ရယ် လို့ မရှိတဲ့ အတွက်၊ မလုံခြုံတဲ့ ဘဝ မှာ နေရတဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

သူတို့ အနေနဲ့ လမ်းထွက် သာမန် စျေးဝယ်ထွက်ရင်တောင်၊ အဖမ်းခံရတာတွေ၊ သွားနေကျ နေရာ ကို သွားတဲ့ အခါမှာလည်း ဥပဒေ စိုးမိုးမှု မရှိတဲ့ အတွက် ပြည့်တန်ဆာ မှု နဲ့ ကျော်စောမှု စတာတွေနဲ့ ဖမ်းဆီးခြင်း ခံရတဲ့ အကြောင်း ပြောပြပါတယ်။

မြန်မာနိုင်ငံသားတိုင်း ကွန်ဒုံး သယ်ဆောင်မှု ရှိတယ်ဆိုတဲ့ ပြဌာန်းချက် ရှိတဲ့ တိုင်အောင် လိင်လုပ်သား တွေ ရဲ့ လက်ထဲ ကွန်ဒုံး မိရုံနဲ့ အလုပ် မလုပ်တဲ့ တိုင်အောင်၊ အဖမ်းခံရတဲ့ အကြောင်း လည်း ပြောပါတယ်။ ရှာဖွေတဲ့ အခါမှာ လည်း ခွင့်ပြုချက် မတောင်းခံ သလို၊ အတင်းအကျပ် အိတ်ဖွင့် ရှာလေ့ ရှိပုံတွေ လည်း ရှင်းပြပါတယ်။ လိင်လုပ်သားတွေ အတွက် ကျန်းမာရေး အရ ကုသ ကာကွယ်ခွင့် ပေးသင့် သလို တိကျတဲ့ ဥပဒေ တွေ ပြဌာန်း ပေးဖို့ လိုတဲ့ အကြောင်း တွေ လိင်လုပ်သား အမျိုးသမီးလေး တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။