BBC navigation

နိုင်ငံတကာ အလှမယ် ရွေးပွဲမှာ မြန်မာ အလှမယ် ဝင်ပြိုင်

နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2012 - 01:28 GMT

နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာအလှမယ် ဝင်ပြိုင်

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး အလှမယ် တဦး ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။

ဒီပွဲမှာ နိုင်ငံပေါင်း ၆၇နိုင်ငံက အလှမယ်တွေ ဝင်ရောက် ယှဉ်ပြိုင်နေရာမှာ မြန်မာနိုင်ငံက အလှမယ် နန်းခင်ဇေယျာလည်း အပါအဝင် ဖြစ်ပါတယ်။

ဒါဟာ ဆယ်စုနှစ် ၅နှစ်အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက အလှမယ် တဦး ဝင်ပြိုင်နိုင်တာလို့ သိရပါတယ်။

ဒီပွဲမှာ ပထမ၊ ဒုတိယ၊ တတိယ အပြင် ပေါင်းသင်း ဆက်ဆံရေး၊ အဝတ်အစား၊ ကျက်သရေ ရှိမှု စတဲ့ အချက်တွေအတွက်လည်း သီးခြား အလှမယ် ဆုပေးသလို အင်တာနက်မယ်လည်း သတ်မှတ်ထားရာမှာ အင်တာနက်မဲမှာတော့ နန်းခင်ဇေယျာကို မဲပေးမှု ၁၇ သန်းကျော် ရထားပါတယ်။

ဒီပြိုင်ပွဲကို အောက်တိုဘာလ ၁ရက်နေ့ကနေ ၂၁ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပြီး နောက်ဆုံးစကာတင် ၅ ဦးထဲက အလှမယ်တွေ ကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

နန်းခင်ဇေယျာကို ဦးဝင်းမြင့်က မေးမြန်းထားတာ ဒီမှာ နားဆင်နိုင်ပါတယ်။

နန်းခင်ဇေယျာ အင်တာဗျူး

နန်းခင်ဇေယျာ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။