BBC navigation

အိုအိုင်စီရုံး မဖွင့်ရေး ရခိုင်မှာ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 20 အောက်တိုဘာလ 2012 - 16:45 GMT

အောက်တိုဘာ ၁၅ ရက် နေ့ကလည်း နိုင်ငံတဝန်း မြို့ကြီး ၂၀ ကျော်မှာ အိုအိုင်စီ ရုံးမဖွင့်ရေး ဆန္ဒပြခဲ့ကြ

မြန်မာနိုင်ငံမှာ အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) ရုံးခွဲတွေ မဖွင့်ရေး အတွက် ရခိုင် ပြည်နယ်က မြို့ (၄) မြို့မှာ ဆန္ဒပြမူတွေ ပေါ်ပေါက်ခဲ့ ပါတယ်။

ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနဲ့ ရမ်းဗြဲမြို့တို့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး၊ ဆန္ဒပြတဲ့ သူတွေဟာ အိုအိုင်စီရုံးကို ရခိုင်ပြည်နယ် မှာရော တခြား နေရာတွေ မှာပါ အလို မရှိတဲ့ အကြောင်း တောင်းဆို ဆန္ဒပြခဲ့ ကြပါတယ်။

အိုအိုင်စီရုံး ဖွင့်လှစ်ခွင့် မပြုတော့ဘူး ဆိုပြီး အစိုးရက ကြေညာထား ပေမယ့်လည်း၊ ပြီးခဲ့တဲ့ ရက် ၂၀ လောက် ကတည်းက တင်ထားတဲ့ ဆန္ဒပြခွင့်ဟာ အခုမှ ကျလာတဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦး ဖြစ်တဲ့ ကိုရာကျော်က ဘီဘီစီကို ပြောပါတယ်။

ကျောက်ဖြူမြို့က ဆန္ဒပြပွဲမှာဆိုရင် ရဟန်းတော် အပါ အဝင် လူပေါင်း ၈၀ဝ၀ ခန့် ပါဝင် ခဲ့တယ်လို့ သိရပါတယ်။

လူတွေဟာ အိုအိုင်စီ အလိုမရှိ ကြောင်းနဲ့ သမ္မတကြီးရဲ့ ပြောစကား တွေကို ထောက်ခံတဲ့ အကြောင်းတွေကို ကြွေးကြော် ဆန္ဒပြခဲ့ကြ ပါတယ်။

ရမ်းဗြဲမြို့နဲ့ မြေပုံမြို့ တို့မှာလည်း လူပေါင်း ၃၀ဝ၀ ကျော်ခန့်စီ ပါဝင်ခဲ့ ကြပြီး မြို့ပေါ်က လမ်းတွေပေါ် ချီတက်ကာ ဆန္ဒ ထုတ်ဖေါ်ခဲ့ ကြပါတယ်။

အာဏာပိုင်တွေ ကတော့ ပြဿနာတွေ မပေါ်ပေါက် ရအောင် လုံခြုံရေးတွေ ယူပေးခဲ့တယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။