BBC navigation

သမ္မတနဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 02:22 GMT
Tony U Thein Sein

သမ္မတနဲ့ မစ္စတာ ဘလဲ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဗြိတိန် ဝန်ကြီးချုပ် ဟောင်း မစ္စတာ တိုနီဘလဲတို့ နိုင်ငံတော် သမ္မတ အိမ်တော် သမ္မတ ဧည့်ခန်းဆောင်မှာ စနေနေ့ ၃ နာရီခွဲက တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံရာမှာ ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပညာရေး ဝန်ကြီး ဒေါက်တာ မြအေး၊ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး ဒေါက်တာ ကိုကိုဦးတို့လည်း ပါဝင်ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ကျန်းမာရေး ပညာရေး ဆိုင်ရာ လိုအပ်တဲ့ အကူအညီတွေ ပေးချင်ကြောင်း ပြောဆိုတယ်လို့ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

ဝန်ကြီးချုပ် တိုနီဘလဲဟာ လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရှေ့ တဆက်ကျော်မှာ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူဝန်ကြီးချုပ် အဖြစ်က အနားယူပြီးနောက် ကုလသမဂ္ဂရဲ့ တရားဝင် အရှေ့ အလယ်ပိုင်း ဆိုင်ရာ အထူးသံတမန် အဖြစ် ဆောင်ရွက်ခဲ့ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။