BBC navigation

လက်ပံတောင်းတောင် တာဝန်ကျ ရဲ စစ်ဆေးခံရ

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 01:14 GMT
_bbc_304_304x171

လက်ပံတောင်းတောင်ဒေသ ရဲဝန်ထမ်းများ

Yangon.chronicle ဝက်ဆိုက်နဲ့ DVB ရုပ်သံ က ထုတ်လွှင့် တဲ့ လက်ပံတောင်းတောင် လုံခြုံရေး တာဝန်ကျ ရဲဝန်ထမ်း နှစ်ယောက် နဲ့ မေးမြန်းခန်း ကြောင့် တာဝန်ကျ ရဲအုပ်နဲ့ ဒုတပ်ကြပ် နှစ်ယောက် လုံးကို ဖမ်းပြီး စစ်ဆေး နေတယ်လို့ သတင်း ထွက်နေပါတယ်။

အဆိုပါ ရဲဝန်ထမ်း နှစ်ယောက် ကို မေးမြန်း သတင်းယူတဲ့ သတင်းထောက် က မုံရွာ အမှတ် ၂ ရဲစခန်းမှာ ရဲ နှစ်ယောက် ဖမ်းထားတာ နဲ့ ပတ်သက်ပြီး ဒုတပ်ကြပ် ရဲ့ ဇနီးက တွေ့ခွင့် တောင်းပေမယ့် မရသေးတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခုလို တာဝန်ကျ ရဲ ဝန်ထမ်းနှစ်ယောက် ကို ဖမ်းထားတာ ဟုတ်မှန် ပါသလား လို့ မုံရွာ အမှတ် ၂ ရဲစခန်း ကို ဘီဘီစီ က ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲ အရာရှိ က ရဲစခန်းမှာ မရှိကြောင်း ပြောပါတယ်။ သူတို့ ကို ပြောင်းရွှေ့ ထား လိုက်ပြီ လို့လည်း ကြားရပါတယ်။

ရဲဝန်ထမ်း နှစ်ယောက် က သတင်းထောက်တွေ မေးတာကို ဖြေရာမှာလည်း မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် က အငြိမ်းစား စစ်ဗိုလ်ကြီး တွေဟာ လက်ပံတောင်း လုံခြုံရေး ရဲတွေ အပေါ် မောက်မောက်မာမာ ဆက်ဆံကြောင်း၊ ရဲတွေ စိတ်ဓါတ် ကျနေတာ ကို သတင်းထောက် က တဆင့် တင်ပြလို့ အထက်အာဏာပိုင် တွေ တနည်းမဟုတ် တနည်းနဲ့ ဒုက္ခပေးမှာ စိုးတဲ့ အတွက် ရှောင်ပုန်းနေ ကြောင်း သတင်းထောက် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။