BBC navigation

ဓါတ်ငွေ့စီမံကိန်းက အိန္ဒိယ ကုမ္ပဏီ ပြဿနာတက်

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 16:39 GMT

PunjLloyd လို့ခေါ်တဲ့ အိန္ဒိယ ကုမ္ပဏီဟာ ရွှေသဘာဝ စီမံကိန်းမှာ လာလုပ်နေတာ ဖြစ်ပါတယ်

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းက အိန္ဒိယ ကုမ္ပဏီ တစ်ခုဟာ အလုပ် သမားတွေ အပါ အဝင် သူတို့နဲ့ ကန်ထရိုက် ယူပြီး အလုပ် လုပ်နေတဲ့ မြန်မာ ကုမ္ပဏီတွေကို ငွေပုံမှန် မရှင်းတဲ့ အတွက် အလုပ်ခွင် အတွင်းမှာ ပြဿနာတွေ ပေါ်ပေါက် နေပါတယ်။

PunjLloyd လို့ခေါ်တဲ့ အဲဒီ ကုမ္ပဏီဟာ တရုတ်က စီအန်ပီပီ ကုမ္ပဏီနဲ့ စာချုပ် ချုပ်ပြီး ဆောက်လုပ်ရေး အလုပ်တွေကို ကျောက်ဖြူ ရွှေသဘာဝ စီမံကိန်းမှာ လာလုပ်နေတာ ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီက နေ့စား အလုပ်သမားတွေ အနေနဲ့ ခုလို လစာ မရတဲ့ အတွက် အလုပ် မဆင်းကြတော့ဘူး လို့လည်း သိရပါတယ်။ အလုပ်သမားတွေ သာမက သူတို့နဲ့ အလုပ်တွဲ လုပ်နေတဲ့ မြန်မာ ကုမ္ပဏီတွေ အနေနဲ့လည်း အခက်ကြုံနေ ရတယ်လို့ အလုပ်ခွင်ထဲက အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ကိုစိုးခိုင်က ပြောပါတယ်။

ကုမ္ပဏီမှာ နေ့စား အလုပ် သမားတွေ အပါအဝင် မြန်မာ ဝန်ထမ်းက ၈၀ဝ ဝန်းကျင် ရှိပြီး မြန်မာ ကုမ္ပဏီတွေ ကတော့ ဆောက်လုပ်ရေး လုပ်နေတဲ့ ကေအက်စီ အပါ အဝင် သုံးလေးခုလောက် ဖြစ်ပါတယ်။

အခုလို ပုံမှန် ငွေမရှင်းတဲ့ အတွက် မြန်မာ ကုမ္ပဏီတွေ ဘက်မှာ ထိခိုက် နစ်နာ နေတာတွေ ရှိတယ် လို့လည်း ကိုစိုးခိုင်က ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။