BBC navigation

အလှမယ် ဝင်ပြိုင်ဖို့ ဘာတွေ ပြင်ထားရမလဲ

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 15:29 GMT
Nang Khin Zar Yar

၂၀၁၂ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲမှာ အင်တာနက် မယ် အဖြစ် ဆုရရှိခဲ့

ဂျပန်နိုင်ငံ အိုကီနာဝါမှာ ပြုလုပ် ခဲ့တဲ့ နိုင်ငံ တကာ အလှမယ် ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက နန်းခင်ဇေယျာက အင်တာနက် အလှမယ် အဖြစ် အရွေးခံခဲ့ရပါတယ်။

အရင်အစိုးရ အဆက်ဆက် နှစ်ပေါင်း ၅၀ ကျော်ကြာ ယဉ်ကျေးမှု အကြောင်းပြပြီး အခုလို နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့် ပိတ်ထားခဲ့ပါတယ်။

အခုတော့ မြန်မာ အလှမယ်တွေ နိုင်ငံတကာထွက် ယှဉ် ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလား၊ ဒီလို ပြိုင်ပွဲတွေ အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုပါသလဲ၊

သောတရှင်တွေရဲ့ အတွေး အမြင် အယူ အဆတွေကို လာမယ့် အောက်တိုဘာလ ၂၄ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် အစီ အစဉ်မှာ ဝင်ရောက် ဆွေးနွေးနိုင် ကြပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။