BBC navigation

အစိုးရ ဆွေးနွေးပွဲ ပြန်စဖို့ KIO သဘောတူ

နောက်ဆုံး ရေးသားချိန် 24 အောက်တိုဘာလ 2012 - 03:30 GMT
kia

တွေ့မယ့် အချိန် ရှေ့တန်း အခြေအနေပေါ် မူတည်

KIO ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကြား ဆက်လက် တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ ကြားဝင် ပေးနေတဲ့ Peace Talk Creation အဖွဲ့ KIA ဌာနချုပ် လိုင်ဇာကို တနင်္လာနေ့က သွားခဲ့ပါတယ်။

မကြာခင်က မြန်မာ အစိုးရ ကမ်းလှမ်းခဲ့တဲ့ ဆက်လက် ဆွေးနွေးဖို့ စာပေါ် မူတည်ပြီး သွားရောက် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဒီကမ်းလှမ်းချက်ကို KIO ဗဟို က လက်ခံ ခဲ့ပြီး အစိုးရ ကမ်းလှမ်းတဲ့ မူဆယ်နဲ့ ရွှေလီ ၂ နေရာ အနက် ရွှေလီမှာ တွေ့ဖို့ သဘောတူခဲ့ပါတယ်။

တွေ့မယ့် အချိန် ကိုတော့ ရှေ့တန်း စစ်ရေး အခြေအနေပေါ် မူတည်ပြီး ပြန်ကြားမယ်လို့ KIO က အကြောင်းပြန်ကြောင်း Peace Talk အဖွဲ့က ဦးလမိုင် ဂွမ်ဂျာက ဆိုပါတယ်။

အစိုးရ ထိုးစစ်တွေ လျှော့ပေါ့ ရပ်တန့်ပေးမယ် ဆိုရင် တွေ့ဆုံ ဆွေးနွေးရေး တွေ အဆင်ပြေ လာနိုင်တယ်လို့လဲ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။