BBC navigation

ရခိုင်ပြည်နယ်မှာ လုံခြုံရေး လုံလောက်ရဲ့လား

နောက်ဆုံး ရေးသားချိန် 24 အောက်တိုဘာလ 2012 - 18:04 GMT
_bbc_rakhine_

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ

ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ နဲ့ ဘင်္ဂါလီ မူဆလင်တွေ အကြား တကြော့ပြန် ဖြစ်ပွားတဲ့ ပဋိပက္ခ ဟာဆိုရင် အစိုးရ နဲ့ စစ်တပ်ရဲ့ နယ်မြေ ထိန်းသိမ်းမှု အားနည်းချက် ကြောင့် ဖြစ်တဲ့ အကြောင်း ဒေသခံတွေ က ပြောပါတယ်။

နိုင်ငံရေး ပါတီတခု ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဌ ဦးသုဝေ က ပြီးခဲ့တဲ့ ပဋိပက္ခ နဲ့ ပတ်သက်ပြီး အစိုးရ၊ စုံစမ်းရေး ကော်မရှင်၊ သုတေသန ဌာန တွေ အနေနဲ့ပါ ပြန်မဖြစ်ရလေအောင် အဖြေရှာနေတဲ့ ကြားက ပေါ်ပေါက်တဲ့ အတွက်၊ နိုင်ငံရေး ပါတီ အနေနဲ့ တော့ တိုက်ခိုက်နေကြတာတွေ ကို ရပ်ကြပါ လို့သာ တားဆီးနိုင်ကြောင်း ဘီဘီစီ ကိုပြောပါတယ်။

အခု ပြဿနာ ဖြစ်တဲ့ နေရာတွေဟာ စစ်တပ်လည်း မရှိတဲ့ အတွက် အဓိက ဖြေရှင်းပေးရမှာက အစိုးရ နဲ့ စစ်တပ် ရဲ့ တာဝန် သာ ဖြစ်ကြောင်း၊ အစိုးရ အနေ နဲ့ ပြဿနာကို မြန်မြန် ဖြေရှင်းပေးမှသာ ကြီးထွားမှု မရှိနိုင်ပုံတွေ ရှင်းပြပါတယ်။

အစိုးရ သာမက အတွေ့အကြုံ ရှိတဲ့ ကုလသမဂ္ဂ အနေနဲ့ ပါ ဝိုင်းပြီး လုပ်ပေးနိုင်ရင် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ မျှမျှတတ ရှိနိုင်ပုံတွေ ဦးသုဝေ က ပြောပါတယ်။

ကျင်းပဆဲ လွှတ်တော်မှာတော့ ပြည်သူ့လွှတ်တော် ရော၊ အမျိုးသား လွှတ်တော် အနေနဲ့ပါ ရခိုင်အရေး ကိစ္စ အဆိုမေးခွန်း တင်ဖို့ မရှိသေးတဲ့ အကြောင်း၊ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က ဘီဘီစီ ကိုပြောပါတယ်။ လွှတ်တော်ထဲမှာ ရခိုင်အမတ်တွေ ရော၊ အစ္စလာမ် ဘာသာဝင် အမတ်တွေ လည်းရှိနေတဲ့ အတွက်၊ သူတို့အနေနဲ့ အဆိုတခု တင်ရင်တော့ လိုအပ်တဲ့ အကြံဉာဏ် တွေ ချပြနိုင်ကြောင်း ဦးဖုန်းမြင့်အောင် က ရှင်းပြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဘက်ကလည်း တကြော့ပြန် ရခိုင့်အရေး ကိစ္စ ကို စိုးရိမ်မကင်းတဲ့ အတွက် ဘယ်လိုကူညီ ဆောင်ရွက်နိုင်မလည်း ဆိုတာကို အပူတပြင်း တိုင်ပင် ဆွေးနွေးမှု ပြုနေတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။