BBC navigation

အင်းတွေက ရေထွက်ပေါက် ပိတ်ပစ်လို့ လယ်တွေရေကြီး

နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2012 - 02:04 GMT

ရေထွက်ပေါက် ပိတ်ပစ်လို့ လယ်တွေ ရေမြုပ်

ဧရာ၀တီတိုင်း ပန်းတနော် ဓနုဖြူ ညောင်တုန်း သုံးမြို့နယ် လယ်သမားတွေရဲ့ တောင်းဆို တိုင်တန်းမှုကြောင့် ရေထွက်ပေါက် ပိတ်ပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့ အင်းပိုင်တွေကို ဆည်မြောင်းဦးစီးမှုးက တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၃လ နီးပါးထဲကမိုးရေကြီးခဲ့တာကြောင့် ပန်းတနော် ၊ ဓနုဖြူ ၊ ညောင်တုန်း(၃)မြို့နယ်က ရွာပေါင်း(၂၀၀)ကျော်က လယ်ဧက သောင်းချီ ရေမြုပ်ခဲ့ပါတယ်။

ရေထွက် ပေါက်တွေကို အင်းပိုင်တွေက ငါးရဖို့အတွက် ပိတ်ဆို့ ထားတာကြောင့် နောက်ထပ် ဆုံးရှုံးတာတွေ ကြုံတွေ့နေတဲအတွက် ဆည်မြောင်းဦးစီမှူး ဦးမြဦးက တရားလို အဖြစ်နဲ့ တရားစွဲခဲ့တာလို့ ပန်းတနော်မြို့ လယ်သမားက ပြောပါတယ်။

ပြီးခဲ့တဲ့(၁၇)ရက်နေ့က စတင် တရားစွဲခဲ့ပြီး အမှုကိုလက်ခံ စစ်ဆေးနေပြီလို့ ဆိုပါတယ်။

ခုလို ရေထွက်ပေါက် ပိတ်ထားတဲ့အတွက် နစ်နာဆုံရှုံးရတဲ့ အခြေအနေ ကိုလည်း လယ်သမားက ရှင်းပြခဲ့ပါတယ်။

တရားဥပဒေအရ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ ကြိုတင် မပြောနိုင်သလို တရားရုံးမှာ မှတ်တမ်းတင် ဓါတ်ပုံရိုက်တာကိုလည်း တရားသူကြီးက ခွင်မပြုခဲ့ဘူးလို့ သိရပါတယ်။

လယ်ကွင်းတွေ ရေမကျတဲ့အတွက် စိုက်ပျိုးလို့ မရသေး သလို ငွေအရင်းအနှီးလဲ လိုအပ်နေတယ်လို့ လယ်သမားတွေကပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။