BBC navigation

ရခိုင်အရေး လွှတ်တော် အဆိုတင်သွင်း

နောက်ဆုံး ရေးသားချိန် 27 အောက်တိုဘာလ 2012 - 02:42 GMT
suu ki

လုံခြုံရေး တိုးမြှင့် ချပေးဖို့ ဆွေးနွေး

ရခိုင် အရေး တကြော့ပြန် ဖြစ်နေတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ မူတဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီက အရေးတကြီး အဆို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အစိုးရ က လုံခြုံရေး တိုးမြှင့် ချပေးဖို့နဲ့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ဖို့ လွှတ်တော်မှာ အောက်တိုဘာ ၂၆ ရက်က ဆွေးနွေးခဲ့တယ်လို့ ကော်မတီ အတွင်းရေးမှူး ပုသိမ် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ကော်မတီ လုပ်ပိုင်ခွင့် အရ တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စ ဖြစ်လို့ ဒီလို တင်သွင်း ဆွေးနွေး ခဲ့တာလို့ ဆိုပါတယ်။

ကော်မတီ ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆွေးနွေး ပြောကြား ခဲ့ပြီး လွှတ်တော်မှာတော့ ကော်မတီဝင် မန်းမောင်မောင်ဉာဏ်က တင်သွင်းပြီး ကိုယ်စားလှယ် ၉ ယောက်က ထောက်ခံ ဆွေးနွေး ခဲ့ပါတယ်။

ဆွေးနွေးချက်ကို လွှတ်တော်က လက်ခံပြီး ပြည်ထောင်စု အစိုးရကို ဖော်ဆောင် စေဖို့ စောင့်ကြပ် သွားရေး လွှတ်တော်မှာ မှတ်တမ်း တင်ခဲ့သလို ပြည်ထဲရေး ဝန်ကြီး ကိုယ်တိုင်ကလဲ သဘောတူ လက်ခံခဲ့တယ်လို့ သတိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။