BBC navigation

ဒုက္ခသည် တွေအတွက် တူရကီ ပစ္စည်းပို့

နောက်ဆုံး ရေးသားချိန် 27 အောက်တိုဘာလ 2012 - 03:00 GMT
rakhine aid

ရခိုင်ရေး နိုင်ငံတကာ အကူအညီတွေ ရရှိ

ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေ တကြော့ပြန် နေချိန် မှာ တူရကီနိုင်ငံက ရခိုင်က ဒုက္ခသည် တွေ အတွက် အထောက်အပံ့ အကူအညီတွေ ပေးပို့ လာပါတယ်။

ထောက်ပံ့ရေး ပစ္စည်းတွေကို စီ ၁၃၀ အမျိုးအစား စစ်လေယာဉ် နှစ်စင်းနဲ့ သယ်ဆောင်လာပြီး အောက်တိုဘာ ၂၅ ရက်နေ့က ရန်ကုန် လေဆိပ်ကို ဆိုက်ရောက်လာ ပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာရောက်စဉ် သမ္မတ ဦးသိန်းစိန်နဲ့ သဘော တူညီချက် အရ အခုလို အကူအညီ အထောက်အပံ့ တွေ လာပေးတာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေကို လက်ခံမယ်၊ ဒါပေမယ့် နှစ်ဘက် အဖွဲ့အစည်းကို ညီတူမျှတူ ပေးရမယ် လို့ ကုလသမဂ္ဂ ၊ အိုအိုင်စီ စတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို ပြောကြားခဲ့ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

ရောက်လာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို စစ်ဆေးပြီး မြန်မာလေကြောင်းနဲ့ စစ်တွေကို ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပေးပို့တဲ့ ပစ္စည်းတွေကို ရခိုင်ပြည်နယ် အစိုးရရဲ့ အစီအစဉ်နဲ့ ဖြန့်ဝေမယ်လို့ ပြောပါတယ်။

ပေးပို့တဲ့ ပစ္စည်းတွေ ကတော့ စားသောက်ကုန် အများဆုံးဖြစ်ပြီး အဝတ်အထည် လူသုံးကုန် နဲ့ စာရေး ကိရိယာတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။