BBC navigation

ရခိုင်မှာ ရပ်ကွက်လုံးကျွတ်တွေ မီးလောင်ခဲ့

နောက်ဆုံး ရေးသားချိန် 27 အောက်တိုဘာလ 2012 - 15:51 GMT
Rakhine

ဂြိုဟ်တုက ရိုက်ယူထားတဲ့ ကျောက်ဖြူက မီးလောင်ပြင် ရပ်ကွက်ပုံ

ကျောက်ဖြူ မြို့နယ် အတွင်း အိမ်တွေ အများအပြား မီးလောင် နေစဉ် ဂြိုဟ်တု ကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ကို Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ ရေးအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

ကျောက်ဖြူမြို့ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ အိမ် နေရာလို နေရာ ၈၁၁ ခု မှာ မီးလောင်ပြာကျခဲ့တဲ့ နေရာတွေကို ဂြိုဟ်တုကနေ မြင်ရတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့က မြင်ရတဲ့ ပုံတွေ ဖြစ်ပြီး အောက်တိုဘာ လဆန်းပိုင်းက ရိုက်ယူထားတဲ့ ပုံတွေမှာတော့ အိမ်တွေနဲ့ လှေအိမ်တွေ ရှိနေသေးတာကို တွေ့ရပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ကိုရော ဒေသခံ ရခိုင် တိုင်းရင်းသားတွေကိုပါ လုံခြုံရေး အကာအကွယ် ပေးဖို့ နဲ့ အကူအညီတွေ ပေးအပ်ဖို့ လိုအပ်နေတယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

Rakhine

အောက်တိုဘာ ၂၇ ရက်က တွေ့ရတဲ့ ပေါက်တာမြို့ မီးလောင်ပြင်တစ်ခု

အခုဖြစ်ခဲ့တဲ့ ဒေသဟာ အရင် ဇွန်လတုန်း ကဖြစ်ခဲ့တဲ့ ဒေသတွေ ထဲမှာ မပါတဲ့ ဒေသတခု ဖြစ်တဲ့အတွက် အကြမ်းဘက်ပြီး လူအုပ်စုလိုက် တိုက်ခိုက်မှုတွေက တခြား ဒေသတွေ ကို ကူးလာနေပြီလို့ Human Right Watch လူ့အခွင့် အရေး အဖွဲ့ အာရှ ဌာနခွဲ က လက်ထောက် ဒါရိုက်တာ Phil Robertson က ပြောပါတယ်။

လူ ဘယ်လောက် သေဆုံးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အစိုးရရဲ့ ကိန်းဂဏန်းတွေက တကယ်ဖြစ်တာထက် လျော့နည်းလေ့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

အစိုးရဘက်က စနေနေ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ လူ ၈၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရတယ်၊ အိမ် ၃၀၀၀ နီးပါး မီးလောင် ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။