BBC navigation

ကေအန်ယူ ရင်ကြားစေ့နိုင်ပြီ

နောက်ဆုံး ရေးသားချိန် 28 အောက်တိုဘာလ 2012 - 01:52 GMT
knu_peace_talk

ကေအန်ယူ က ငြိမ်းချမ်းရေး အတွက် ဆက်လက် ဆောင်ရွက်သွားမယ်

ကရင်ပြည်နယ် မြဝတီမြို့ မြောက်ဘက်မှာ ရှိတဲ့ ကေအန်ယူ လေးဝါးခ စခန်းမှာ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက် တွေမှာ ကေအန်ယူ ဗဟို အမြဲတန်း ကော်မတီရဲ့ အရေးပေါ် အစည်းအဝေး ကို ကျင်းပခဲ့ ပါတယ်။

အဲဒီ အစည်းအဝေးကို တက်ရောက် ခဲ့တဲ့ ဗဟို အမြဲတန်း ကော်မတီနဲ့ အရံ အမြဲတန်း ကော်မတီ ၄၀ ဟာ မဲခွဲတာတွေ မလုပ်ဘဲ ၊ ညီညွတ်ရေးနဲ့ အဖွဲ့အစည်းရဲ့ အကျိုးအတွက် ကေအန်ယူ ထဲက ထုတ်လိုက်တဲ့ ခေါင်းဆောင် ၃ ဦးကို မူလ ရာထူး တွေမှာ ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ညှိုနှိုင်း နိုင်ခဲ့တာလို့ ကေအန်ယူ ပြောခွင့်ရသူ ဗဒို မန်းငြိမ်းမောင်က ပြောပါတယ်။

ပြီးတော့ ပြဿနာ ဖြစ်ခဲ့တဲ့ ဘားအံ မြို့မှာ ဖွင့်လှစ် ခဲ့တဲ့ ကေအန်အဲလ်အေ တပ်မဟာများ ဆက်ဆံရေး ရုံးကိုလည်း အသိအမှတ် ပြုခဲ့တယ်လို့ သိရပါတယ်။

ကေအန်ယူနဲ့ အစိုးရ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကနေ ထွက်ပေါ် လာတဲ့ ဒီရုံး တွေကို ကေအန်ယူ ခေါင်းဆောင်ပိုင်း တချို့က သိပ်ပြီး မြန်ဆန်လွန်း နေတယ်၊ တချို့က အခုလို ဆက်ဆံရေး ရုံးတွေဖွင့်တာ ငြိမ်းချမ်းရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ ယူဆကြ ရာကနေ ခေါင်းဆောင် တွေအကြား သဘောထား ကွဲလွဲ ခဲ့ကြတာ ဖြစ်ပါတယ်။

အခုတော့ အားလုံး ပြေလည် သွားပြီ ဖြစ်လို့ ကေအန်ယူနဲ့ အစိုးရ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို မူလ အစီအစဉ် အတိုင်း ဆက်လက် ဆောင်ရွက်သွားတော့မှာ ဖြစ်တယ်လို့ ပြောခွင့်ရသူ ဗဒို မန်းငြိမ်းမောင်က ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။