BBC navigation

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ဆိုင်ရာက ကူညီ

နောက်ဆုံး ရေးသားချိန် 28 အောက်တိုဘာလ 2012 - 16:11 GMT

ဘေးလွတ် ရာကို ထွက်ပြေး လာကြ တဲ့ သူတွေကို အာဏာပိုင်တွေက နေရာ လိုက်ချပေးနေ

ပြီးခဲ့တဲ့ တပတ်က စတင် ခဲ့တဲ့ ရခိုင် ပြည်နယ် က တကျော့ပြန် မတည်ငြိမ် မှုတွေဟာ အခု တော့ ပြန်လည် တည်ငြိမ်လာ နေပြီ ဖြစ်ပါ တယ်။

သက်ဆိုင်ရာ တာဝန်ရှိ သူတွေက မီးရှို့ခံခဲ့ ရတဲ့ ကျေးရွာတွေက ဒုက္ခ ရောက်နေကြတဲ့ မိသားစုတွေနဲ့ ဘေးလွတ် ရာကို ထွက်ပြေး လာကြ တဲ့ သူတွေကို နေရာတွေ လိုက်ချပေးနေ သလို၊ အစား အစာနဲ့ ဆေးဝါး တွေလည်း လိုက်လံ ဖြန့်ဖြူး ပေးနေ ပါတယ်။

နယ်စပ် ရေးရာနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ဆိုရင် အောက်တိုဘာ ၂၈ ရက်၊ ညနေ ၃ နာရီ လောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ် တောင်ပြို မြို့နယ် ခွဲကို လာရောက်ပြီး ဒေသ အတွင်းက စစ်ဘက် ဆိုင်ရာ တာဝန်ရှိ သူတွေ အပါ အဝင် အစိုးရ အရာရှိကြီး တွေနဲ့ တွေ့ဆုံ သွားခဲ့ ပါတယ်။

ကျောက်ဖြူ ဘက်က ထွက်ပြေး လာတဲ့ ဒုက္ခ သည် ၂၀ဝ၀ လောက်ကို ထားရှိဖို့ အတွက် လိပ်ရ၊ ကျွန်းပေါက်နဲ့ တရင်းရွာ ဘက်မှာ မြေဧက (၁၁) ဧက ကို နေရာ တိုင်းတာ သတ်မှတ် နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း တောင်ပြို မြို့နယ်ခွဲက လိပ်ရမှာ ထားရှိမယ့် အစီအစဉ် ကတော့၊ ဒုက္ခသည်တွေ မရောက်လာ သေးတဲ့ အတွက် မသေချာ သေးဘူးလို့ အစိုးရ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

နယ်စပ်မြို့ မောင်းတော မှာတော့ အခြေ အနေ တည်ငြိမ် နေပြီး အေးအေး ဆေးဆေး ရှိတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း မှာတော့ မြန်မာ ဘက်က ထွက်ပြေး လာတဲ့ မွတ်စလင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်ရောက် လာမှာကို စိုးရိမ်တဲ့ အတွက် နယ်စပ်ကို တပ်လှန့် ထားပြီး နယ်စပ် တလျှောက်မှာ လုံခြုံရေးကို တင်းကျပ် ထားပါတယ်။

မြန်မာ နယ်စပ် တလျှောက် မှာလည်း လုံခြုံရေး အနည်းငယ် တိုးမြှင့် ထားပြီး သက်ဆိုင်ရာ စစ်တပ် နဲ့ နစက တပ်ဖွဲ့ဝင် တွေက အချိန်ပြည့် စောင့်ကျပ် နေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။