BBC navigation

ရခိုင် အေးချမ်းရေး ကွန်ယက် ဖွဲ့

နောက်ဆုံး ရေးသားချိန် 29 အောက်တိုဘာလ 2012 - 01:22 GMT
rakhine

အရေးပေါ် အခြေအနေ ကြေညာ မှာ စိုးရိမ်

ပဋိပက္ခ တွေက တည်ငြိမ် အေးချမ်းရေး အတွက် ရခိုင် ကွန်ယက်တခု ရန်ကုန်မှာ ဖွဲ့တယ်လို့ ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသား ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

ဆူပူမှု တွေကြောင့် ဖွဲ့စည်းပုံ အရ အရေးပေါ် အခြေအနေ ကြေညာ ရင် မြန်မာ့ ဒီမိုကရေစီ လမ်းကြောင်းက ကျန်နေခဲ့မှာ စိုးလို့ ဒီလို တွေ့ဆုံ ဖွဲ့စည်းခဲ့တာလို့ သူက ဆိုပါတယ်။

ကယ်ဆယ်ရေး တွေ အမြန်ဆုံး ထိရောက်အောင် ဆောင်ရွက် သွားမယ်၊ နှစ်ဘက်လုံးက ထိခိုက် ဒဏ်ရာ ရသူ တွေကို အကူအညီ တွေ အတတ်နိုင်ဆုံး မျှတအောင် ဖြန့်ဖြူး ပေးမယ်လို့လဲ ဆိုပါတယ်။

ပြည်နယ်နဲ့ ပြည်ထောင်စု အဆင့် အစိုးရ တွေ၊ နောက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်း လုပ်ဆောင် သွားမယ်လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။