BBC navigation

ကော့ကရိတ်မြို့ တွင်းရှိ ဗလီ ဗုံးခွဲခံရ

နောက်ဆုံး ရေးသားချိန် 29 အောက်တိုဘာလ 2012 - 17:28 GMT
bbc_granades

ကော့ကရိတ်ဗလီ လက်ပစ်ဗုံးခွဲခံရ

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရွာ ဗလီကို ည ၁၁ နာရီလောက်မှာ ဆိုက္ကယ်နဲ့လူတယောက် က လက်ပစ်ဗုံး တလုံးနဲ့ ပစ်ပြေး သွားပြီးတော့၊ ကော့ကရိတ်မြို့ ရေနံဆီကုန်းရပ် က ဗလီကို လည်းဆိုက္ကယ်နဲ့ လူနှစ် ယောက် က ည ၁၂ နာရီခွဲလောက် မှာ ဗုံးနှစ်လုံး နဲ့ပစ်ခတ်သွားတာ လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ် ရေနံဆီကုန်း မှာ ဖြစ်ပွားတဲ့ ဗုံးခွဲမှု ကို မြင်လိုက်တဲ့ မျက်မြင် သက်သေ တယောက် က ရေနံဆီကုန်း ရပ်က ဗလီ ထဲကို လက်ပစ်ဗုံးနဲ့ ပစ်သွင်း သွားတဲ့ အကြောင်း၊ အဲဒီ လက်ပစ်ဗုံး နဲ့ပစ်သွင်း တဲ့ နေရာမှာ တလုံးက လမ်းဘေးနား မှာ ကွဲပြီးတော့၊ တလုံးဟာ ဗလီ ကမျှော်စင် အောက်မှာ မကွဲပဲကျန်နေတဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ဖြစ်ရပ် နှစ်ခုစလုံး ဟာ တညထဲမှာ သီးခြားစီ ဖြစ်သွားတာပါ။ ဒါပေမဲ့၊ လူအထိအခိုက်မရှိပဲ၊အဆောက်အဦး အနည်းငယ် ပျက်စီးတာပဲရှိတယ် လို့ ဆိုပါတယ်။ ဒီလို ဗုံးနဲ့ပစ်ခတ်မှု ကို ကော့ကရိတ်မြို့ရဲစခန်း ကို ဆက်သွယ် မေးမြန်းတော့၊ အတည်ပြုပြောပေမဲ့ ၊အသေးစိတ် အချက်အလက်ကို ပြောဖို့တော့ ငြင်းဆိုခဲ့ပါတယ်။ ဗလီတွေ ကို လက်ပစ်ဗုံးတွေ နဲ့ပစ်ခတ် သွားတဲ့သူတွေ က တော့၊ ထွက်ပြေး လွတ်မြောက် သွားတယ်လို့သိရပါတယ်။

ဒါပေမဲ့၊ အခုလိုဗလီ ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်တာဟာ ပြီးခဲ့တဲ့ အပတ်တုံးက၊ဘားအံ မှာ လက်ကမ်း စာစောင်တွေ ဖြန့်ပြီးတော့၊ မွတ်ဆလင်တွေ ကိုအိမ်၊ ခြံ၊ မြေတွေမရောင်းကြဖို့ လှုံ့ဆော်ပြီး၊ ရခိုင်မှာဖြစ်နေ သလိုမျိုး ဖန်တီးလိုသူတွေ ကြံစည်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောလောဆယ် မှာတော့၊ ဒေသခံ အာဏာပိုင် က လုံခြုံရေးတွေ ကို ပိုပြီး ဖြည့်တင်း ဆောင်ရွက်ထား တယ်လို့ ကော့ကရိတ် ဒေသခံတွေ က ပြောပါတယ်။ ထိုင်း အစိုးရပိုင်းနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ကတော့၊ ကျုံဒိုးနဲ့ ကော့ကရိတ်ဟာ၊ ထိုင်း၊ မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ပေါ်မှာ ရှိတဲ့အတွက်၊ ရခိုင် ကလို ပြဿနာမျိုး ဖြစ်ရင်၊ နှစ်နိုင်ငံကုန်သွယ် ရေးကို ထိခိုက်မှာကိုစိုးရိမ်နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။