BBC navigation

မြန်မာနိုင်ငံဗဟိုဘဏ်၊ လွတ်လပ်တဲ့ဌာန တခုဖြစ်ဖို့ရှိ

နောက်ဆုံး ရေးသားချိန် 1 နိုဝင်ဘာလ 2012 - 17:14 GMT
Employee at Central Bank

ဘဏ္ဍာရေး မကျွမ်းကျင်တဲ့ ဝန်ကြီးတွေ လက်အောက်မှာ ဆိုရင် လုပ်ရ ကိုင်ရ ခက်ခဲတယ်

မြန်မာနိုင်ငံ ဗဟိုဘဏ်ကို ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီး ဌာန အောက်မှာ မထားတော့ဘဲ သီးခြား လွတ်လပ်တဲ့ ဌာန တစ်ခု အနေနဲ့ သမ္မတရုံး အောက်မှာ ထားဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယက ဆီကို ပြီးခဲ့တဲ့ သောကြာနေ့ က သဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။

ဗဟိုဘဏ် အနေနဲ့ ကိုယ်ပိုင် လုပ်ပိုင်ခွင့်နဲ့ အတူ သီးခြား လုပ်နိုင်မယ် ဆိုရင် ငွေကြေး တည်ငြိမ်မှုနဲ့ ငွေကြေး ဆိုင်ရာ မူဝါဒတွေကို အချိန်နဲ့ တပြေးညီ ချမှတ် လုပ်ဆောင်နိုင်မှာ ဖြစ်တယ် လို့ ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အကြောင်း ကတော့ ဘဏ္ဍာရေး မကျွမ်းကျင်တဲ့ ဝန်ကြီးတွေ လက်အောက်မှာ ဆိုရင် လုပ်ရ ကိုင်ရ ခက်တာ ကြောင့်၊ ဗဟိုဘဏ် အနေနဲ့ သီးခြား ရပ်တည်ဖို့ လိုအပ် လာတာ ဖြစ်တယ် လို့ အဲဒီ တာဝန်ရှိသူက ပြောပါတယ်။

ဗဟိုဘဏ်လို ဘဏ်မျိုးကို ကိုင်တွယ် ဆောင်ရွက် ရာမှ ဘဏ္ဍာရေး ဆိုင်ရာ ပညာရပ်တွေ တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြည်ထောင်စု အဆင့် ဖြစ်သွားမယ်ဆိုရင် ဗဟိုဘဏ် ဥက္ကဌက ဝန်ကြီး အဆင့် ဖြစ်တဲ့ အတွက်၊ လုပ်ရ ကိုင်ရတာ ပိုပြီး လွယ်ကူ မြန်ဆန် လာမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ပြောပါတယ်။

ဗဟိုဘဏ်မှာ ပြည်ထောင်စု အဆင့် ဥက္ကဌ တစ်ဦးနဲ့ ဒုတိယ ဥက္ကဌ ၂ ဦး ခန့်ထားဖို့ ရှိပြီး လိုအပ်တဲ့ ဥပဒေ မူကြမ်း ကိုလည်း သမ္မတရုံးက ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်း သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။