BBC navigation

သံတွဲဗလီမှာ ဓားလက်နက်တွေဖမ်းမိ

နောက်ဆုံး ရေးသားချိန် 2 နိုဝင်ဘာလ 2012 - 01:34 GMT
rakhine

ရခိုင်မှာ လက်နက်တွေ ကိုင်ခွင့်မရှိတော့

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ဗလီ တခုမှာ တုတ်ဓား လက်နက်တွေ ရှာဖွေ တွေ့ရှိတဲ့ အတွက် လူ၄ ဦးကို လုံခြုံရေး တပ်ဖွဲ့၀င်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

သံတွဲမှာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက စစ်တပ်နဲ့ ရဲ ဘုန်းကြီးကျောင်း တချို့နဲ့ ဗလီတွေကို ရှောင်တခင် ၀င်ရောက် ရှာဖွေရာမှာ ဂျမတ်ဗလီက တုတ်ဓားတွေ အပါအ၀င် ဂျင်ဂလိတွေ ပါ ဖမ်းဆီးရမိတဲ အတွက် ဗလီ ဂေါပက တယောက်နဲ့ ဗလီထဲမှာ နေထိုင်နေတဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ခု ဖမ်းဆီးခံရ ထားတဲ့ လူ ၄ ယောက်ကို ကြာသပတေး နေ့က သံတွဲ တရားရုံး မှာ ရုံးထုတ်ခဲ့ပေမယ့် အာမခံ မပေးခဲ့ဘူးလို့ သိရပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ သံတွဲမြို့က ဗောဓိကုန်း ဘုန်းတော်ကြီးကျောင်းကို ၀င်ရောက် ရှာဖွေခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ဘူးလို့ သံတွဲ မြို့ခံက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာ၀န်ခံ ဦး၀င်းမြိုင် ကတော့ သူတို့ဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။

ရခိုင် ပြည်နယ် အတွင်း ဓားလှံ ဂျင်ဂလိစတဲ့ လက်နက်တွေကို သုံးရက်အတွင်း နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့၀င်တွေကို အပ်နှံရမယ်လို့ သတိပေး ကြေညာချက်တွေ ထုတ်ထားပြီး အခုအခါ မသင်္ကာတဲ့ ဘာသာရေး အဆောက်အဦတွေနဲ့ ဗလီတွေကို လုံခြုံရေး တပ်ဖွဲ့၀င်တွေက ၀င်ရောက် ရှာဖွေ မူတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကြာသပတေး နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ရခိုင် ငြိမ်းချမ်းရေး အတွက် ဘာသာ ပေါင်းစုံနဲ့ နိုင်ငံရေး ပါတီတွေ ဆွေးနွေးပွဲ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။