BBC navigation

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးရေးအကူအညီပေး

နောက်ဆုံး ရေးသားချိန် 1 နိုဝင်ဘာလ 2012 - 23:42 GMT
ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim

ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim


ကမ္ဘာ့ ဘဏ်က မြန်မာ နိုင်ငံကို ဒေါ်လာ သန်း ၈ဝ ဖိုး ဖွံ့ဖြိုးရေး အကူအညီ တွေ ပေးမယ်လို့ ပြောကြား လိုက်ပါတယ်။

ဘက်ဂျက်နဲ့ ပုဂ္ဂလိက ကဏ္ဍ ပြုပြင်ရေး တွေ အတွက် ဒေါ်လာ ၂၄၅ သန်းဖိုး ချေးငွေတွေနဲ့ အကူအညီ တွေကို လာမယ့် တနှစ်ခွဲ အတွင်း ထုတ်ချေး သွားမှာ ဖြစ်ပါတယ်။

မြန်မာ ပြည်က ကမ္ဘာ့ဘဏ် ပေါ် တင်ကျန်နေတဲ့ အကြွေးတွေ ဆပ်ပြီး သွားရင် နောက်ထပ် ဒေါ်လာ ၁၆၅ သန်းဖိုး ထပ်ချေး သွားအုံးမယ် လို့လဲ ကမ္ဘာ့ ဘဏ် အရှေ့အာရှ ဒေသဒုတိယ ဥက္ကဋ္ဌ ပမ်မလာ ကောက်စ်က ဆိုပါတယ်။

World Bank Group ဆိုတဲ့အဖွဲ့ကြီးမှ ဘုတ်အဖွဲ့ဝင်တွေကနေ မြန်မာနိုင်ငံမှာ လူထုဘဝ တိုးတက်ရေးကို ဦးတည်နိုင်မယ့် ပြုပြင်ရေး ကိုအားပေးဖို့ အစီအစဉ်အသစ်ကို ဝါရှင်တန်မှာ ချမှတ်လိုက်တာဖြစ်ပါတယ်။ အခုလို အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေအနေနဲ့ ဆင်းရဲမှု တိုက်ဖျက်ရေး အလေးထားပြီး လူထုကို ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်အောင် ဒီအစီအစဉ်က လာမယ့် ၁၈လအတွင်း ဆောင်ရွက်မှာဖြစ်ပါတယ်။
အစိုးရပိုင်းက စီးပွားရေး စီမံခန့်ခွဲမှု ပိုကောင်းအောင်လုပ်ဖို့ ဖွံ့ဖြိုးတိုးတက်အောင် အလုပ်အကိုင်တွေရအောင် လုပ်ရာမှာ အကြံဉာဏ်နဲ့ နည်းပညာတွေ ပေးမှာဖြစ်ပါတယ်။

အဓိကအားဖြင့် ထင်သာမြင်သာရှိတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ဖွံ့ဖြိုးရေးဘတ်ဂျက်ကို ဘယ်လိုစီမံခန့်ခွဲမလဲ အသေးစား အလတ်စား လုပ်ငန်းတွေအတွက် ငွေချေးရာမှာ လိုအပ်မယ့်ဘဏ္ဍာရေးနဲ့ လုပ်ပုံကိုင်ပုံတွေ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးပြီး အလုပ်အကိုင် ဖန်တီးရေး ဆိုတဲ့အချက်တွေပါဝင်ပါတယ်။
ဒီကနဦး အစီအစဉ်အရ ဒေသဆိုင်ရာ လူ့အဖွဲ့အစည်းတွေမှာ အကျိုးရှိပြီး အပြောင်းအလဲကို ပိုယုံကြည် လာအောင်နဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက အစိုးရနဲ့ လက်တွဲ ဆောင်ရွက်ဖို့အားပေးမှာဖြစ်ပါတယ်။

ဆင်းရဲတဲ့ အသိုင်းအဝိုင်း မှာအလျင်အမြန် အကျိုးဖြစ်ထွန်းမယ့် အမျိုးသားလူ့အဖွဲ့အစည်း ဆိုင်ရာဖွံ့ဖြိုးရေး စီမံကိန်းကိုလည်း ဒီကနေ့အတည်ပြုလိုက်ပြီး ရံပုံငွေဒေါ်လာသန်းဂ၀သုံးစွဲမှာဖြစ်ပါတယ်။ ပြည်နယ်တိုင်းက မြို့နယ်၁၅ခုမှာ ဒီအစီအစဉ်ကို အကောင်အထည်ဖေါ်မှာဖြစ်ပြီး ဆင်းရဲမှု တိုက်ဖျက်ဖို့ အဓိက ဦးတည်မှာလို့ World Bank Group ရဲ့အင်တာနက် စာမျက်နှာမှာ ရှင်းလင်း ဖေါ်ပြထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။