BBC navigation

ရခိုင် ဆရာတော်တွေကို မဟန သတိပေး

နောက်ဆုံး ရေးသားချိန် 3 နိုဝင်ဘာလ 2012 - 02:43 GMT
monk

ဆူပူမှု မဖြစ်ခင် သံဃာ ဆန္ဒပြပွဲတွေ ဖြစ်ပွား

ရခိုင် အရေးမှာ ဘုန်းတော်ကြီးတွေ ဝိနည်း ရိုသေဖို့ ၊ လူလူချင်း ပြဿနာတွေမှာ ဝင်မပါဖို့ သံဃာ့ မဟာနာယကက ရခိုင်ပြည်နယ်က ဆရာတော် တွေကို ရန်ကုန်မှာ သြဝါဒ ခေါ်ပေးပါတယ်။

ဆူပူမှု တွေ အတွင်း သံဃာတွေ ပတ်သက် နေတာကို သံဃာ့ နာယကက သိလို့ ဝိနည်း သိက္ခာနဲ့ နေဖို့ ခေါ်သတိပေးတာ လို့ ဆိုပါတယ်။

သတိပေး ခံရတဲ့ စစ်တွေက ဆရာတော်တွေက သူတို့မှာ ဒီဆူပူမှုတွေထဲ ရဟန်းငယ် တွေနဲ့ ဒကာတွေ မပါအောင် ထိန်းဖို့ စည်းကမ်း ထိန်းအဖွဲ့ပဲ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကာ အားပေး လှုံ့ဆော်တာ တွေ မလုပ်ဘူးလို့ ပြန်လည် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

တကယ့် ဖြစ်ရပ်မှန်က ရန်ကုန် နာယက ဆရာတော်တွေ ကြားသိသလို မဟုတ်ဘူးလို့လဲ ရခိုင် ဆရာတော် တွေက ပြန်လည် ချေပခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာ သာသနာရေး ဝန်ကြီးနဲ့ ရခိုင် ဆရာတော်တွေ တွေ့ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။