BBC navigation

သမ္မတရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တပ်အတွက် ခက်ခဲ

နောက်ဆုံး ရေးသားချိန် 2 နိုဝင်ဘာလ 2012 - 18:28 GMT
KIA Soldier

ကချင် တပ်သားတွေ ဘက်က တိုက်ခိုက်တာကို အစိုးရ စစ်တပ်ကလည်း ပြန်တိုက်ချင်

ကေအိုင်အေ ကချင် တပ်ဖွဲ့နဲ့ အစိုးရ တပ်တွေအကြား တိုက်ပွဲ တွေမှာ အစိုးရ စစ်တပ်က ပိုပြီး ခံနေရတယ်လို့ တပ်မတော် အရာရှိတွေက ရင်ဖွင့် ပြောဆိုမှုတွေ ရှိနေပါတယ်။

သမ္မတရဲ့ ငြိမ်းချမ်းရေး အမိန့်အရ စစ်တပ် ဘက်က တဖက်သတ် အပစ် အခတ် ရပ်ထား ရတာကြောင့် တပ်မတော်က ဘာမှ မလုပ်သာဘဲ ဖြစ်နေတယ်လို့ တပ်မတော် အရာရှိတွေက ပြန်ပြောတယ်လို့ လွှတ်တော် အမတ် ဖြစ်သူ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

အထူးသဖြင့် လွှတ်တော်ကို ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ရင်ဖွင့် ပြောဆိုကြ တယ်လို့ သူတို့နဲ့ စကား ပြောဖြစ်တဲ့ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

လွှတ်တော် တက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေနဲ့ ရွေးကောက်ပွဲက တက်လာတဲ့ လွှတ်တော် အမတ်တွေဟာ အခု နောက်ပိုင်းမှာ ပိုမို ရင်းနှီးမှုတွေ ရလာပြီး တပ်မတော်သား တွေက သူတို့ရဲ့ ခံစားချက် တွေကို ပြောလာ တာတွေ ရှိခဲ့ပါတယ်။

အခု လတ်တလော ဖြစ်နေတဲ့ ကချင်နဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းစဉ် ကာလ အတွင်း သမ္မတက အပစ် အခတ် ရပ်စဲ ဖို့ အမိန့်ပေး ထားတာကြောင့် နှစ်ဘက် တိုက်ပွဲတွေ ဖြစ်လာရင် ကချင်ဘက်က တိုက်တာကို ခံနေရပြီး ပြန်လည် တိုက်ခိုက်ခြင်း မပြုလုပ်နိုင်ဘူးလို့ တပ်မတော်သား ကိုယ်စားလှယ် တွေက ပြောဆိုကြတယ်လို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖားကန့် တိုက်ပွဲမှာ ကချင်ဘက်က အနီးကပ် တိုက်ခဲ့တဲ့ အတွက် စစ်သား ၄၀ သို့မဟုတ် ၅၀ လောက် ကျဆုံး ခဲ့တယ်လို့ ပြန်ပြောကြောင်းလည်း သူက ပြောပါတယ်။

သမ္မက ငြိမ်းချမ်းရေး တည်ဆောက်လိုတဲ့ အတွက် အပစ်အခတ် ရပ်ထားရပေမဲ့ တကယ်တန်း ငြိမ်းချမ်းရေး မရဘဲ အခြေ အနေ ဆိုးသထက် ဆိုးလာတယ်လို့ ပြောကြောင်းလည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ကချင်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲ တွေမှာ တပ်မတော် ဘက်က အကျအရှုံး များနေတာကို စစ်တပ်ဘက်က စိတ် ကသိ ကအောက် ဖြစ်နေပြီး ငြိမ်းချမ်းရေး မရနိုင်ရင် စစ်သားတွေ ပီပီ စစ်ဆင်ရေး တွေနဲ့ ပြန်တိုက် ချင်တဲ့ ဆန္ဒ ရှိနေ ကြတယ် လို့လည်း ဦးဖုန်းမြင့်အောင်က ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။