BBC navigation

ဥရောပ ကော်မရှင် ဥက္ကဌ ရခိုင်အရေး စိုးရိမ်

နောက်ဆုံး ရေးသားချိန် 3 နိုဝင်ဘာလ 2012 - 15:54 GMT
Jose Manuel Barroso

ဘာသာရေး ခေါင်းဆောင်တွေ ကနေ ငြိမ်းချမ်းအောင် ဝိုင်းပြီး တိုက်တွန်း ကြဖို့ ကိုလည်း မစ္စတာ Barroso က ပန်ကြား

မြန်မာ နိုင်ငံကို ရောက်ရှိ နေတဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso က ရခိုင် ဒေသက ပဋိပက္ခတွေကြောင့် မြန်မာ အစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေကို ထိခိုက်မှာ စိုးရိမ်ကြောင်း ပြောကြား သွားပါတယ်။

မစ္စတာ Barroso ဟာ ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ Peace Centre ငြိမ်းချမ်းရေး စင်တာကို စနေနေ့ ညနေပိုင်းမှာ ရောက်ရှိလာပြီး အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။

ဘာသာရေး ခေါင်းဆောင်တွေ ကနေ သက်ဆိုင်ရာ လူမှု အဖွဲ့တွေကို ငြိမ်းချမ်းအောင် ဝိုင်းပြီး တိုက်တွန်း ကြဖို့ ကိုလည်း မစ္စတာ Barroso က ပန်ကြား သွားပါတယ်။

စနေနေ့ မနက်ပိုင်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံ ရာမှာလည်း မစ္စတာ Barroso က ရိုဟင်ဂျာ မွတ်ဆလင် ကိစ္စနဲ့ ပတ်သက်ပြီး အလေးထား ဆွေးနွေးခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးရာ မှာတော့ မစ္စတာ Barroso က မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု အတွက် ဒေါ်လာ သန်း ၁၀၀ ကျော် အကူ အညီ ပေးမယ်လို့ ကတိပြုခဲ့ ပါတယ်။

အစိုးရသစ် တရပ် အနေနဲ့ ပြီးခဲ့တဲ့ နှစ်က စလို့ ပြုပြင် ပြောင်းလဲမှုတွေ စတင် ခဲ့တဲ့ မြန်မာ အစိုးရကို အနောက် နိုင်ငံတွေ ခေါင်းဆောင်တွေက တဖွဲဖွဲ လာရောက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေခဲ့ ရာမှာ အခုတော့ ဥရောပ ကော်မရှင် ဥက္ကဌပါ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။