BBC navigation

ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဒေါ်စု သဘောထား

နောက်ဆုံး ရေးသားချိန် 3 နိုဝင်ဘာလ 2012 - 11:31 GMT
Rakhine unrest

နှစ်ဘက်စလုံးကနေ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထောက်ပြ ပြောဆို

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိတ်ရှည် သည်းခံ ကြဖို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ တိုက်တွန်း ပြောကြားလိုက် ပါတယ်။

ဒါပေမယ့်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဖြစ်စေချင်တဲ့ ပုံစံမျိုး ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခက်အခဲတွေ ဘက်ကနေ ရပ်တည် ပြောကြားဖို့ ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆို သွားပါတယ်။

ပြဿနာရဲ့ အရင်းခံ အကြောင်းကို မလေ့လာ ဘဲနဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကို မြှင့်တင် ပြောဆိုမှုတွေ လုပ်မှာ မဟုတ်ဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်ဆလင် နှစ်ဘက် စလုံး ကနေ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေ ဟာလည်း နှစ်ဘက်စလုံးမှာ ရှိခဲ့ကြောင်း သူက ထောက်ပြ ပြောဆိုသွားပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြောင့် လူပေါင်း ၈၉ ဦး သေဆုံးခဲ့ရပြီး၊ လူ သောင်းနဲ့ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။