BBC navigation

ရခိုင်ပြည်နယ်တွင်း ခေါ်ယူ စစ်ဆေးမှုတွေရှိ

နောက်ဆုံး ရေးသားချိန် 4 နိုဝင်ဘာလ 2012 - 15:30 GMT
Rakhine unrest

မြောက်ဦး မြို့နယ် သံရွှင်ပြင် ကျေးရွာက လူ (၆) ဦးကို စစ်တပ် ကနေ ခေါ်ယူ စစ်ဆေးခဲ့

ရခိုင်ပြည်နယ် အတွင်း အဓိကရုဏ်း တွေမှာ ပါဝင် ပတ်သက် သူတွေလို့ သင်္ကာမကင်း သူတွေကို စစ်တပ် ကနေ ခေါ်ယူ စစ်ဆေး မေးမြန်း မှုတွေ ရှိနေ သလို တဘက် မှာလည်း အောက်တိုဘာလ ပဋိပက္ခ တွေမှာ သေဆုံး သွားခဲ့သူတွေ တချို့ရဲ့ အလောင်းတွေ ကိုလည်း ရှာဖွေ တွေ့ရှိ နေပါတယ်။

မြောက်ဦး မြို့နယ် သံရွှင်ပြင် ကျေးရွာက ဦးအောင်ထွန်းဖြူ၊ ဦးပြည်သိန်းအောင်၊ ဦးထွန်းလင်းကျော် အပါအဝင် လူ (၆) ဦးကို စစ်တပ် ကနေ တင်္ဂနွေနေ့က ခေါ်ယူ စစ်ဆေး ခဲ့ ပါတယ်။

ခုလို ခေါ်ယူ စစ်ဆေးမှုတွေကို ပြုလုပ်နေရာမှာ ရွာတရွာတည်း မဟုတ်ဘဲ ရွာ အများကြီးမှာ ပြုလုပ်နေတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီအတွက် ဒေသခံတွေ အကြားမှာ စိုးရိမ်မူတွေလည်း တိုးပွား လာနေကာ၊ မင်းပြားမြို့မှာ ဆိုရင်လည်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးမယ် ဆိုတဲ့ အတွက် လူတွေ ထွက်ပြေး နေကြ တယ်လို့ မင်းပြား ဒေသခံ တစ်ဦးက ပြောပါတယ်။

ခုလို ဖြစ်နေတဲ့ အချိန်မှာ မြောက်ဦးမြို့နယ် ပုရိန် မွတ်ဆလင် ရွာအနီးမှာ အောက်တိုဘာလ ၂၃ နဲ့ ၂၄ ရက်နေ့တွေက တိုက်ခိုက်မူ အတွင်း သေဆုံးသွား ခဲ့တဲ့ ရခိုင် လူမျိုး (၃) ဦးရဲ့ အလောင်းကို မနေ့က ပြန်လည် ရရှိ ခဲ့တယ်လို့ သိရ ပါတယ်။

အလားတူပဲ ပေါက်တော် မြို့နယ် ဆင်အိုင် ကျေးရွာက တူမီး သေနတ်နဲ့ ပစ်ခံရတဲ့ ဦးစိန်လှအောင်(အသက် ၆၅)ဟာလည်း အောက်တိုဘာလ ၃၀ ရက်နေ့က စစ်တွေ မြို့ ပြည်သူ့ ဆေးရုံကြီးမှာ တက်ရောက် ကုသ နေစဉ်၊ နိုဝင်ဘာလ ၂ ရက် နေ့က ဆုံးပါး သွားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။