BBC navigation

ပြုပြင် ပြောင်းလဲရေး အတွက် အတွေးအခေါ် မပြောင်းသူတွေရှိ

နောက်ဆုံး ရေးသားချိန် 4 နိုဝင်ဘာလ 2012 - 01:16 GMT

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို ထိရောက်အောင်ဆောင်ရွက်ဖို့နဲ့ ဖွံ့ဖြိုးရေးအတွက် Peace Centre လို့ ခေါ်တဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက အမြင်တွေကို လွတ်လွတ်လပ်လပ် ဖလှယ်နိုင်မယ့် ငြိမ်းချမ်းရေးစင်တာတရပ်ကို စတင်ဖွဲ့စည်းနေပြီလို့ သမ္မတရုံး ၀န်ကြီးဦးအောင်မင်းက ပြောပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အပစ်အခတ်မရပ်နိုင်သေးသလို ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေလို မငြိမ်းချမ်းနိုင်သေးတဲ့ အခြေအနေတွေကလည်းရှိနေပါတယ်။

ဒီတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အောင်မြင်အောင်ဘယ်လိုလုပ်မှာလဲ လို့ သမ္မတရုံး၀န်ကြီးဦးအောင်မင်းကို ဦးကိုကိုအောင်က မေးမြန်းရာမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ all inclusive ဖြစ်တဲ့အတွက် အားလုံးကို ပါအောင် ခေါ်ယူရမယ့်တာဝန်ဟာ သူရဲ့တာဝန်ဖြစ်ကြောင်း၊ တချို့က အတွေးအခေါ်မပြောင်းတဲ့အတွက် Hard Liner Soft Liner ဆိုတာရှိနေသေးကြောင်း၊ တချို့က မြန်မြန်ဆန်ဆန် မပြောင်းချင်ကြောင်း၊ ဒါပေမယ့် စိတ်ရှည်သည်းခံပြီး အားလုံးကို ပါအောင်ခေါ်မယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ တဘက်နဲ့တဘက် ဖြစ်နေတဲ့ ပြသနာကို အရင် ပြေလည်အောင် ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ ဒိနောက်မှာ တရားဥပဒေ စိုးမိုးရေးဖြစ်ပြီး ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူမှာ ဖြစ်ကြောင်း၊ တပ်နဲ့လုံခြုံရေး အပြည့်ချထားပြီးဖြစ်လို့ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်ပြီး ဖြစ်လာမှာကို မစိုးရိမ်ဘူးလို့ ပြောပါတယ်။

ဒီပြသနာကို နိုင်ငံတကာ အကူအညီမယူဘဲ ကိုယ့်ပြသနာဖြစ်နေတဲ့အလျောက် ကိုယ်ဘာသာကိုယ် ဖြေရှင်းသွားမယ်လို့ ဝန်ကြီးဦးအောင်မင်းက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။