BBC navigation

ခိုးဝင်လာသူ ဘင်္ဂါလီတွေ ကလေးမြို့မှာ ဖမ်းမိ

နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2012 - 15:39 GMT
India Burma Border Gate

ဖမ်းမိတဲ့ ဘင်္ဂါလီတွေ ထဲမှာ အိန္ဒိယက ပတ်ဝင် လာသူတွေ ပါတယ်လို့ဆို

နိုဝင်ဘာလ ၅ရက် မနက် စောစော ပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှာ တရား မဝင် ဝင်ရောက် လာတဲ့ ဘင်္ဂါလီ လူမျိုး ၁၉ ယောက်ကို ဖမ်းဆီး မိခဲ့ပါတယ်။

ကလေးမြို့ ဒေသခံ တွေနဲ့ ဖွဲ့စည်း ထားတဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်း အကူ အညီနဲ့ ဖမ်းဆီး မိခဲ့တာ လည်း ဖြစ်ပါတယ်။

အဲဒီ အဖွဲ့မှာ လူမျိုး ပေါင်းစုံ ဘာသာ ပေါင်းစုံက လူငယ်တွေ ပါဝင်ပြီး အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ် ရာကနေ အဖွဲ့ဝင်တွေ နိုးကြားမှု ဖြစ်လာကြ ပြီးတဲ့နောက် သူတို့ရဲ့ သတင်းပေးမှုနဲ့ အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ အသင်း တွဲဘက် ဥက္ကဋ္ဌ ဆရာတော် ဦးပဏ္ဍဝံသ က ဘီဘီစီကို မိန့်ကြား ပါတယ်။

သူတို့ဟာ ချင်းတောင်တန်း ကနေ တဆင့် ဖြတ်ကျော် ပြေးလာကြသူတွေ ဖြစ်ပြီး ဘူးသီးတောင် မောင်တော ဘက်က လာတဲ့ လူတွေ ရှိသလို အိန္ဒိယ ဘက်ကနေ တဆင့် ပတ်ဝင်လာတဲ့ ဘင်္ဂါလီတွေလည်း ပါဝင်တာ တွေ့ရတယ်လို့ စစ်ဆေး တွေ့ရှိရကြောင်းလည်း အဲဒီ ဆရာတော်က ပြောပါတယ်။

ဖမ်းဆီး မိသူတွေက နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံကူး လက်မှတ် ဆိုတာမျိုး ကိုင်ဆောင်ထားသူ တစ်ယောက်မှ မပါဝင်ကြောင်းနဲ့ သူတို့က မလေးရှား နိုင်ငံ အထိ သွားကြမှာ ဖြစ်တယ်လို့ လည်း ဆရာတော်က ပြောပါတယ်။

အဖမ်း ခံရသူတွေ ထဲမှာ မြန်မာ စကား ပြောဆိုတတ်သူက ခြောက်ယောက် လောက် ပါတယ်လို့ ဆိုပါတယ်။

ဆရာတော် ဦးပဏ္ဍဝံသ ရဲ့ အဆိုအရ အခု ဖမ်းမိသူတွေ အပါအဝင် အခုနှစ် အတွင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်း အကူအညီနဲ့ ကလေးမြို့ ပတ်ဝန်းကျင်မှာတင် တရား မဝင် ဝင်ရောက်လာသူ စုစုပေါင်း ၅၁ ယောက် ရှိသွားပြီ ဖြစ်ပြီး လွတ်သွားသူ တွေလည်း ရှိတယ်လို့ သိရပါတယ်။

ကလေး မြို့မ ရဲစခန်း ကလည်း ဖမ်းမိ ထားတဲ့ ဘင်္ဂါလီ ၁၉ ယောက်ကို စစ်ဆေး နေကြောင်း အတည်ပြု ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။