BBC navigation

နေပြည်တော် လယ်သမား အရေး

နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2012 - 01:30 GMT

လယ်သမား အရေးဆိုနေသူတွေ


နေပြည်တော်ခရိုင် ဒက္ခိဏသီရိမြို့မှာ စည်ပင်သာယာ ဌာန ကနေ သိမ်းထားတဲ့ လယ်ဧက ၅၀၀ကျော်ကို ပြန်လည်ရလိုမှုနဲ့ ဒေသခံ လယ်သမားတွေက သူတို့ ပိုင်ဆိုင်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူခဲ့တာကြောင့် စည်ပင်သာယာ ဌာန ကနေ လယ်သမား အယောက် ၂၀ကျော်ကို လုပ်ငန်း ဟန့်တားဖျက်စီးမှု ပုဒ်မ ၂၆နဲ့ တရားစွဲဖို့ ဆင့်ခေါ် လိုက်ပါတယ်။

တရားစွဲခံရမယ့် သူတွေဟာ လယ်သိမ်းခံ ထားရတဲ့ ရဲတီ၊ကြို့ပင်၊ရှမ်းစုနဲ့ တမာပင်ကုန်း ရွာသားတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကို ပြန်တရားစွဲ ရတဲ့ အကြောင်းက နို့တစ်စာ ထုတ်ပြန်ပေမယ့် တောင်သူတွေက ထွက်မသွားလို့ အခုလို တောင်သူ နှစ်ဆယ့်တစ်ယောက် ၊ နှစ်ဆယ့်နှစ်ယောက်ကို တရားစွဲမယ်လို့ သိရပါတယ်။

၂၀၁၁ ကစပြီး တောင်သူတွေကို လျှော်ကြေး မပေးဘဲ တောင်သူတွေ ဆီက သိမ်းတာလို့ တရားစွဲခံရတဲ့ လယ်သမား ကိုဇော်လင်းအောင်က ပြောပါတယ်။

တောင်သူတွေအနေနဲ႕က တရားရုံးမှာဘဲ ရင်ဆိုင်မယ်လို့ သိရပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို တိုင်ခဲ့ပေမယ့် ဘာမှာ အရေးယူမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။