BBC navigation

၈၂နိုင်ငံသား ဥပဒေကို ပြန်ဆွဲဖို့ အဆို ရုပ်သိမ်း

နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2012 - 17:15 GMT
burmese parliament

၈၂နိုင်ငံသား ဥပဒေကို ပြန်ဆွဲစရာမလိုလို့ လွှတ်တော် ကိုယ်စားလှယ်တွေ ကပြောလိုက်

လက်ရှိ ကျင့်သုံး နေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းပြီး ဥပဒေသစ် ပြန်လည် ရေးဆွဲဖို့ အမျိုးသား လွှတ်တော်မှာ တင်သွင်း ထားတဲ့ အဆိုကို အဆိုရှင်က ပြန်ရုပ်သိမ်း လိုက်ရ ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေဟာ လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်လို့ရနေတာကြောင့် အသစ် ပြန်လည် ရေးဆွဲစရာ မလိုဘူးလို့ လွှတ်တော် အမတ် အတော်များများက ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ရှင်းပြပါတယ်။

အဆိုတင်သွင်း သူက အဲဒီ ဥပဒေဟာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီ ဖြစ်ပြီး ခေတ်၊ စနစ်နဲ့ မလျော်ညီ တာတွေ ရှိကြောင်း၊ အဲဒီ ဥပဒေကို လေ့လာကြည့် ရာမှာ ပြင်ဆင် ရမယ့် အချက်တွေ အများအပြား တွေ့ရတဲ့ အတွက် ပြန်ပြီး ပြင်ဆင် နေမယ့်အစား ဖျက်သိမ်းလိုက်ပြီး အသစ် ပြန်ဆွဲဖို့ အတွက်ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ထဲက အများစုက ဒီဥပဒေဟာ ၁၉၄၈ နိုင်ငံသား ဥပဒေရဲ့ အားနည်းချက်တွေ ကနေ သင်ခန်းစာ ယူပြီး ရေးဆွဲထား တဲ့အတွက် ပြည့်စုံ လုံလောက် နေတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ ဥပဒေ ရေးဆွဲစဉ်က လမ်းစဉ် ပါတီခေတ် ဖြစ်လို့ အဲဒီ အထဲမှာ ပါတဲ့ အသုံးအနှုန်း တွေနဲ့ ဒဏ်ကြေးတွေ ကိုတော့ ပြင်ဖို့ လိုအပ်မယ်လို့ ပြောခဲ့ကြပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေ အရဆိုရင် ၁၉၄၈ ခုနောက်ပိုင်း မြန်မာနိုင်ငံကို ဝင်ရောက် နေထိုင်သူတွေကို မြေးအဆင့် တတိယ မျိုးဆက်ကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးဖို့ ပါဝင် နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။