BBC navigation

ဆိတ်နဲ့သိုး မွေးမြူဖို့ အစိုးရငွေထုတ်ချေး

နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2012 - 01:42 GMT

ဆိတ်မွေးဖို့ အစိုးရ ငွေထုတ်ချေး

မန္တလေးတိုင်းအတွင်းမှာ ဆိတ်နဲ့သိုးတွေ မွေးမြူဖို့အတွက် အစိုးရက ချေးငွေအဖြစ် သိန်း ၁၄၅ဝ ကို ရွာပေါင်း ၁၁၈ ရွာက လူပေါင်း ၁၁၆ဝ ကျော်ကို မန္တလေးတိုင်း အစိုးရက ထုတ်ပေးခဲ့တယ်။

အန်ဂျီအို တချို့ကလည်း ဆိတ်သိုးမွေးမြူရေးတွေ လုပ်ပေးနေပေမယ့်လည်း စျေးကွက်အနေအထားကတော့ မသေခြာမရေရာ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် က အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခင်လှိုင် က ပြောပါတယ်။

ဒါ့အပြင် ဆိတ်ကို ပြည်ပကို တရား၀င်ပို့တာ မနှစ်က မရှိခဲ့ဘူး မူဆယ် နယ်စပ်ကနေ ပို့တာတော့ ရှိတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လိုင်စင် စနစ်ကို ဖျက်သိမ်းဖို့ လိုတယ် ၊ ကိုယ့်မြို့နယ်မှာ မွေးတဲ့သူက ပေါ်နိုင်ဖို့ လိုတယ် ၊ စျေးကွက်နဲ့ ပတ်သက်လို့ အစိုးရက ဝန်ဆောင်မှု အကူအညီတွေ မပေးတဲ့ အတွက် ကြိုးစား သလောက် ခရီး မပေါက်သေးဘူးလို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။