BBC navigation

ရေဒီယိုသတင်းဆု ဘီဘီစီ မြန်မာဌာနရရှိ

နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2012 - 01:00 GMT
AIB ဆုပေးပွဲတက်ရောက်တဲ့ ဒေါ်တင်ထားဆွေနဲ့ ဦးမင်းထက်

AIB ဆုပေးပွဲတက်ရောက်တဲ့ ဒေါ်တင်ထားဆွေနဲ့ ဦးမင်းထက်

၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ဘီဘီစီ မြန်မာ ပိုင်း အစီအစဉ် ရေဒီယို ထုတ်လွှင့်ချက်ဟာ AIB နိုင်ငံတကာ အသံလွှင့် အဖွဲ့က ချီးမြှင့်တဲ့ ရှင်းလင်း ပြတ်သားမှု တိုက်ရိုက် ထုတ်လွှင့် အထူးဆု ရရှိ သွားပါတယ်။

လန်ဒန်အခြေစိုက် The Association for International Broadcasting အဖွဲ့ကြီးက နှစ်စဉ်ချီးမြှင့်တဲ့ ဆုမှာ မနှစ်ကလည်း ဘီဘီစီ မြန်မာပိုင်းက ရေဒီယို အထူးဆု ရရှိတဲ့အတွက် ၂နှစ် ဆက်တိုက်ရလို့ အလွန်ဝမ်းသာ ဂုဏ်ယူတယ်လို့ မြန်မာ ဌာနမှူး ဒေါ်တင်ထားဆွေက ပြောပါတယ်။

ဒါ့အပြင် မြန်မာဌာနဟာ ရေဒီယို သာမက အင်တာနက် ဖေ့ဘွတ် မိုဘိုင်း စတဲ့ မီဒီယာတွေကနေ အချိန်နဲ့ တပြေးညီ အရေးကြီး သတင်းတွေ ထုတ်လွှင့်ပေး နေတဲ့အတွက် သောတရှင်တွေ ဆက်လက် အားပေးမယ်လို့ မျှော်လင့်ကြောင်းလည်း ဌာနမှူးက ပြောသွားပါတယ်။

အခုနှစ်အတွက် ရုပ်မြင်သံကြား၊ အသံလွှင့် အပါအဝင် ဆုပေါင်း၁၇ခုကို ဆန်ကာတင် ရွေးချယ်ပြီးမှ အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ဆုရရှိတဲ့ ထဲမှာ Channel 4, France24, BBC Arabic, NHK, BBC World Service စတဲ့ နာမည်ကြီး သတင်းဌာနတွေ ပါဝင်ပါတယ်။

ဒီဆုပေးပွဲကို နိုင်ငံတကာ သတင်းဌာနကြီးတွေ သတင်းထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ အားကစား ချယ်နယ်တွေလည်း တက်ရောက်ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။