BBC navigation

ရခိုင်အရေး နယ်စပ် ပြဿနာ ဘင်္ဂလား ဒေ့ရှ်လည်း တာဝန်ရှိ

နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2012 - 16:06 GMT
Press Release by Daw Aung San Suu Kyi and Ethnic MPs

ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထားကို ထင်ဟပ်တဲ့ ရခိုင် အရေး ကြေညာချက် ထုတ်ပြန်

ရခိုင် ပြည်နယ် နယ်စပ် လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးမှာ တာဝန်ရှိပြီး ဘင်္ဂလားဒေ့ရှ် ကလည်း နယ်စပ် ပြဿနာကို တာဝန် ယူသင့် တယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား လွှတ်တော် အမတ် တချို့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

ဒါ့အပြင် မြန်မာ အစိုးရ အနေနဲ့လည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ရေရှည် အတွက် ဖြေရှင်းရေးမှာ ဘယ်လို မူဝါဒ ရှိတယ် ဆိုတာ လူထု သိအောင် တိတိ ကျကျ ထုတ်ပြန်ဖို့ တောင်းဆိုလိုက် ပါတယ်။

နိုင်ငံတကာ ခေါင်းဆောင် တွေက ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို မေးမြန်း ကြတဲ့ အတွက် တိုင်းရင်းသား အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ကြေညာချက် ထုတ်ပြန် လိုက်တာ ဖြစ်တယ်လို့ SNDP ရှမ်း တိုင်းရင်းသားများ တိုးတက်ရေး ပါတီ လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာဟာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်ပြီး ပြည်ထောင်စု ပြဿနာ ဖြစ်တယ်၊ ရခိုင် တိုင်းရင်းသား တွေရဲ့ စိုးရိမ် ပူပန်မှု တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ် လို့လည်း ထောက်ပြ ထားပါတယ်။

လောလောဆယ်မှာ ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ နေရာ တွေနဲ့ ပဋိ ပက္ခ ဖြစ်နိုင်ချေ ရှိတဲ့ နေရာ တွေမှာ တပ်ဖွဲ့ အင်အား တိုးမြှင့်ပြီး လုံခြုံရေး အစီ အစဉ်တွေ တိုးမြှင့်ဖို့၊ ပဋိ ပက္ခတွေ ဖြစ်အောင် ကြိုးကိုင် နေသူ တွေကို ဖော်ထုတ် အရေး ယူဖို့နဲ့ ဥပဒေ ချိုးဖောက်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေကို ထိထိ ရောက်ရောက် အရေးယူပြီး ပွင့်ပွင့် လင်းလင်း ထုတ်ပြန် ပေးဖို့ စတာတွေ ကိုလည်း ကြေညာ ချက်မှာ တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။