BBC navigation

ဖယ်ဒရယ် ဥပဒေမူကြမ်း ရေးဆွဲရေး တာဝန်ပေး

နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2012 - 16:36 GMT

တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် စစ်စစ် မဖြစ် ရင်တောင် အခြေခံ အုတ်မြစ် တခု ဖြစ်နိုင်

တိုင်းရင်းသားတွေ လိုလား နေတဲ့ ဖယ်ဒရယ် တန်းတူ ညီမျှမှု ဥပဒေ မူကြမ်း ရေးဆွဲဖို့ တိုင်းရင်းသား လွှတ်တော် အမတ် ၂ ဦးကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက တာဝန် ပေးလိုက်ပါတယ်။

ဖယ်ဒရယ် တန်းတူ ရေတူ စီမံ ခန့်ခွဲခွင့် အခွင့် အရေးကို အတတ်နိုင်ဆုံး ဖြစ်အောင် ရေးဆွဲဖို့ အတွက် ကိုလည်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဦးတီခွန်မြတ်နဲ့ ဒေါ်နန်းဝါနုတို့ကို တာဝန်ပေး လိုက်တာ ဖြစ်ပါတယ်။

အခု ရေးဆွဲမယ့် ဥပဒေ မူကြမ်းဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် စစ်စစ် မဖြစ် ရင်တောင် အခြေခံ အုတ်မြစ် တခု အဖြစ် ရေးဆွဲ နိုင်မှာ ဖြစ်တယ်လို့ တာဝန်ပေး ခံရတဲ့ ဒေါ်နန်းဝါနုက ပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့ နေရာမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် စနစ်ကို လုပ်ဆောင်နိုင်ဖို့ အတွက် လွှတ်တော်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ် လို့ အစိုးရပိုင်း ကလည်း ပြောနေတဲ့ အတွက် အလား အလာကောင်း ဖြစ်နိုင် တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။