BBC navigation

ရခိုင်က ဒုက္ခသည်တွေ နေရင်းပြန်ဖို့ မဖြစ်နိုင်သေး

နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2012 - 17:43 GMT
Rakhine refugee

ဒုက္ခသည်တွေ ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ဒုက္ခရောက်နေ ကြရ

ရခိုင် ဒေသက ပဋိပက္ခတွေ အတွင်း အိုးအိမ် စွန့်ခွာ ဒုက္ခရောက် ခဲ့ရသူတွေဟာ နေရပ် ကို ပြန်ဖို့ အတွက် မဖြစ်နိုင် သေးကြောင်း အဲဒီ ဒေသကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ ဘီဘီ သတင်းထောက်က ပြောပါတယ်။

ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်ဆလင် နှစ်ဘက် စလုံးမှာ အာဃာတ ကြီးကြီး မားမား ရှိနေကြ သေးတဲ့ အတွက် လောလောဆယ် နေရပ် ပြန်ဖို့ မလွယ် သေးတာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် ကိုတင်အောင်ကျော်က ပြောပါတယ်။

အတူ ယှဉ်တွဲ နေဖို့ ဆိုတာ မဖြစ်နိုင် ဘူးလို့ နှစ်ဘက်စလုံးက ပြောဆို ကြပြီး၊ ရေရှည်မှာ လုံခြုံရေးတွေ ရုပ်သိမ်း သွားမှာကိုလည်း နှစ်ဘက် စလုံးက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေရဲ့ အခြေအနေ ကတော့ စစ်တွေက မူဆလင် ဒုက္ခသည် စခန်းတွေမှာ လူဦးရေ ပိုများပြီး၊ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် WFP၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ တခြား အန်ဂျီအို အဖွဲ့တွေ အပြင် ရခိုင် အဖွဲ့ အစည်းတွေက လှူဒါန်းတာတွေ ရှိပါတယ်။

မြောက်ဦး မှာတော့ ဘုန်းကြီးကျောင်းတွေမှာ ရခိုင် ဒုက္ခသည်တွေ ရှိကြပြီး၊ အဲဒီမှာ ရန်ကုန် နာရေး ကူညီမှုအသင်းနဲ့ တခြား အဖွဲ့ အစည်း တွေက လွဲလို့ နိုင်ငံ တကာ အဖွဲ့ အစည်းတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

ကျောက်တော် မှာတော့ ဒုက္ခသည် စခန်း ဖွင့်ထားတာ မရှိဘူးလို့ သတင်းထောက်က ပြောပါတယ်။

ဒုက္ခသည်တွေ ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ဒုက္ခရောက်နေ ကြရပြီး၊ ဒုက္ခသည် သောင်းချီ ရှိတဲ့ ဘောဒူပ စခန်း၊ သက်ကယ်ချောင်း စခန်းနဲ့ သယ်ချောင်းလို စခန်းတွေမှာ လူတွေဟာ ရောဂါတွေ ခံစားနေကြရပါတယ်။

တချို့ဆို ဝမ်းလျှော ဝမ်းပျက်ကြောင့် အသေအပျောက်တောင်ရှိတယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။