BBC navigation

ဗြိတိန်-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ

နောက်ဆုံး ရေးသားချိန် 9 နိုဝင်ဘာလ 2012 - 02:06 GMT
rangoon

စီးပွားရေးနဲ့ လူမှုအကူအညီတွေ ဆွေးနွေး

မြန်မာ့ စီးပွားရေး အခွင့်အလမ်းနဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲ တရပ် ဗြိတိန်မှာ ကျင်းပရာ မြန်မာပြည်က ဝန်ကြီး အဆင့် ပထမဆုံး အကြိမ် တက်ခဲ့ပါတယ်။

မြန်မာ့ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့မှာ ပညာရှင်၊ သတင်းစာ ဆရာတွေနဲ့ စီးပွားရေး သမားတွေ ပါပါတယ်။

မြန်မာပြည် ပြုပြင် ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ၊ အလုပ်သမား သမဂ္ဂ တွေ နဲ့ ဥပဒေ စနစ် ပြုပြင်ရေးတွေ နဲ့ ပတ်သက်ပြီး ဗြိတိန် ဘက်က ပိုပြီး သိနားလည်အောင် ဆွေးနွေးခဲ့တယ်လို့ ဦးစိုးသိန်း က ဆိုပါတယ်။

စီးပွားရေး ပွင့်လင်း မြင်သာ ရှိဖို့ နည်းဥပဒေ တွေ ရေးဆွဲ ပြဋ္ဌာန်း နေတဲ့အကြောင်းလဲ ဆွေးနွေးခဲ့ ပါတယ်။

ဒီလို အနောက် နိုင်ငံတွေနဲ့ ပိုမို နီးကပ်စွာ ဆက်ဆံ နေလာပေမယ့်လဲ မြန်မာဟာ ကမ္ဘာ့ အဖွဲ့အစည်းမှာ ဒီမိုကရေစီ နိုင်ငံ အနေနဲ့ အားလုံးနဲ့ ပိုမို ထိစပ် ဆောင်ရွက် နေတာသာ ဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

ပညာရေး အကူအညီ များများပေးဖို့ ဗြိတိသျှ ဖွံ့ဖြိုးရေး ဝန်ကြီးကို ပြောကြားခဲ့တယ် လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။