BBC navigation

ရခိုင် လူနေမှု စိစစ်ရေး အခက်အခဲ

နောက်ဆုံး ရေးသားချိန် 10 နိုဝင်ဘာလ 2012 - 01:39 GMT
rakhine

ဒုက္ခသည် စခန်းတွေမှာ ဖြစ်သလို နေရ

ရခိုင် ပြည်နယ်မှာ တရားမဝင် ဝင်နေသူတွေကို ခွဲခြား ဖို့ စိစစ် စုံစမ်းရာမှာ ပြဿနာ နဲ့ အဆင်မပြေမှုတွေ ရှိတယ်လို့ သိရပါတယ်။

ဦးနုခေတ်က ထုတ်ပေးခဲ့တဲ့ ဒေသခံ မွတ်ဆလင် တွေရဲ့ မှတ်ပုံတင်မှာ ရခိုင် မြန်မာ မဟာမေဒင်လို့ ရေးထားတာကို သူတို့ သားမြေးတွေ လက်ထက် နိုင်ငံသား စိစစ်ရေး ကတ်အသစ်တွေ ထုတ်ပေးမှ ဘင်္ဂါလီ မွတ်ဆလင်လို့ ပြင်ခံနေရတယ်လို့ သံတွဲက မွတ်ဆလင် တယောက်က ပြောပါတယ်။

ပေါက်တော ဘက်က မွတ်ဆလင် တချို့ ကလဲ သူတို့ကို ရိုဟင်ဂျာလို့ မသတ်မှတ် မခေါ်ဝေါ်ရင် လာတွေ့ဖို့ ၊ အိမ်ထောင်စု စာရင်းမှာ လက်မှတ်ထိုးဖို့ ငြင်းဆန် တာတွေ ရှိတယ်လို့ RNDP ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ မွတ်ဆလင်နဲ့ ရခိုင် ရပ်ရွာ လူကြီးတွေနဲ့ ပါတီ ကိုယ်စားလှယ်တွေ လိုက်ပါ စစ်ဆေး နေကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။