BBC navigation

ကန့်ဘလူ နားမှာ ဆီတွဲ ရထား တိမ်းမှောက်

နောက်ဆုံး ရေးသားချိန် 9 နိုဝင်ဘာလ 2012 - 15:21 GMT
Train Accident near Kantbalu

စစ်ကိုင်းတိုင်း ကန့်ဘလူ အနီး ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင်ခဲ့(ဓါတ်ပုံ ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

နိုဝင်ဘာလ ၉ ရက် သောကြာနေ့ မနက် ၁၀နာရီကျော်က မန္တလေး ကနေ မြစ်ကြီးနားကို ပို့တဲ့ ဆီတွဲ ရထား တစီး တိမ်းမှောက် သွားခဲ့ ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူနဲ့ ၂၅ မိုင်အကွာက ချက်ကြီး ဘူတာနားမှာ လမ်းချော် တိမ်းမှောက်ခဲ့ တာ ဖြစ်ပြီး ရထားပေါ်မှာ သယ်ယူလာတဲ့ ဆီတွေ ဖိတ်ကုန်ခဲ့ ပါတယ်။

အဲဒီ ဖိတ်နေတဲ့ ဆီတွေကို ဒေသခံ ရွာသားတွေက သွားရောက် ခပ်ယူ စဉ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အတွက် လူ ၂၇ ယောက် သေဆုံးခဲ့ ပြီး ၈၃ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ကန့်ဘလူနဲ့ ကျွန်းလှ မီးသတ်တပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

မီးလောင် ဒဏ်ရာနဲ့ လူနာတွေကို ကျွန်းလှနဲ့ ကန်ဘလူဆေးရုံး တို့မှာ ဆေးကုသ ပေးနေ တယ်လို့ ဆိုပါတယ်။

ရထားတွဲ လမ်းချော် သွားတဲ့ အတွက် သံလမ်းနဲ့ ရထားဘီး ပွတ်တိုက် မိရာက ပူလာပြီး မီးလောင်တာ ဖြစ်နိုင်တယ်လို့ ကျွန်းလှ ရဲစခန်းက သုံးသပ် ပြောဆို ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။