BBC navigation

ပေါက်တောမှာ နိုင်ငံသား စိစစ်မှု အခက်အခဲဖြစ်

နောက်ဆုံး ရေးသားချိန် 10 နိုဝင်ဘာလ 2012 - 15:29 GMT

ပေါက်တော မြို့နယ်က မွတ်ဆလင် ရွာ (၅) ရွာမှာ နိုင်ငံသား စိစစ် မှုတွေ ပြုလုပ်

ရခိုင် ပြည်နယ် ပေါက်တော မြို့နယ်က မွတ်ဆလင် ရွာ (၅) ရွာမှာ နိုင်ငံသား စိစစ် မှုတွေ ပြုလုပ် နေရာမှာ တချို့ မွတ်ဆလင် တွေက လက်မှတ် မထိုးတဲ့အတွက် အခက် အခဲ ဖြစ်နေ ပါတယ်။

ပေါက်တော မြို့နယ်က မွတ်ဆလင် ရွာ (၅) ရွာ ဖြစ်တဲ့ ဆင်တက်မော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံးတန်(ငဝက်ချောင်း)၊ ပြိုင်းတောင်တို့ မှာ နိုင်ငံသား စိစစ်မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။

အခုလို စိစစ်မှု လုပ်တဲ့ နေရာမှာ တချို့ မွတ်ဆလင်တွေက၊ သူတို့ကို ဘင်္ဂါလီ လူမျိုးလို့ ဆိုပြီး ထည့်ထားတာကို ရိုဟင်ဂျာ ဆိုတဲ့ နာမည် ပြောင်းပေးဖို့ တောင်းဆို နေတဲ့ အတွက် အခက် အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် ကတော့ ခုလို တောင်းဆို နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိရသေး ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ မရှိကြောင်းနဲ့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ကိုယ်တိုင်က ပြောဆို ထားပြီ ဖြစ်ကြောင်း သူက ဆက်ပြော ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ၊ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ လဝက ကနေ ပြီးခဲ့တဲ့ ၈ ရက်နေ့ ကမှ ပြန်လည် စိစစ် စာရင်း ကောက်ယူ နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။