BBC navigation

ဒေါ်အောင်ဆန်း စုကြည် အိန္ဒိယ ခရီးစဉ် စတင်

နောက်ဆုံး ရေးသားချိန် 12 နိုဝင်ဘာလ 2012 - 15:02 GMT
Daw Aung San Suu Kyi and Indian Prime Minister

အိန္ဒိယ ဝန်ကြီးချုပ် အခုနှစ် မေလက ရန်ကုန်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခဲ့စဉ်

အန်အယ်လ်ဒီ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အိန္ဒိယ နိုင်ငံ ခရီးစဉ် အတွက် ဒီကနေ့ ထိုင်းနိုင်ငံ ကို စတင် ထွက်ခွာ သွားပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိန္ဒိယ နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ် အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ နိုင်ငံခြားရေး ဝန်ကြီး ပါလီမန် ဥက္ကဌ တို့နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံဖို့ ရှိပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒေလီမြို့တော်က သူနေခဲ့ဖူးတဲ့ လေဒီရှရီရမ် ကောလိပ်ကို လည်း သွားရောက်မှာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံကို ထိုင်းလေကြောင်းနဲ့ ထွက်ခွာမယ် ဆိုတာ လူတွေ ကြိုသိထား ကြတဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည် ကို ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ သတင်းထောက်တွေ၊ အထူး သဖြင့် ဓါတ်ပုံနဲ့ ရုပ်သံ သမားတွေ အတော်များများ လာစောင့် နေခဲ့ ကြတယ်လို့ ရန်ကုန်ရောက် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လူ ၁၀၀ လောက်ရှိမယ့် လူအုပ် ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို နှုတ်ဆက်ဖို့ စောင့်နေ ခဲ့ကြတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ရောက်လာ တာနဲ့ သတင်း သမားတွေက အလု အယက် ဓါတ်ပုံတွေ ရိုက်ကြ သလို သူ့လုံခြုံရေးတွေ ကလည်း လမ်းရှင်းဖို့ ကြိုးစား ခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကိုတွေ့ချင်လို့ လာစောင့် နေကြတဲ့ ပရိတ်သတ် တွေကလည်း အသေအချာ တွေ့ခွင့် မရကြလို့ အားမလို အားမရ ဖြစ်သူ တွေလည်း ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှာ တော့ ဒေါ်အောင်ဆန်း စုကြည် မြန်မာ နိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။