BBC navigation

အာဆီယံဆန် ရောင်းဝယ်ရေးဇုန် ဖြစ်နိုင်မလား

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 02:06 GMT
rice

အရည်အသွေးမြင့် ဆန်ထုတ်လုပ်ရေး ဦးစားပေး

အာဆီယံ ဆန် ရောင်းဝယ်ရေးဇုန် လုပ်ဖို့ ထိုင်းအစိုးရ အစည်းအဝေးက အင်္ဂါနေ့က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အာဆီယံ ၁ဝ နိုင်ငံက ဆန်ထုတ်လုပ် ရောင်းချတဲ့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဗောဒီးယားနဲ့ လောနိုင်ငံတို့ကို စုစည်း လုပ်ဆောင်သွားမယ် လို့ဆိုပါတယ်။

ဆန်စပါး ရောင်းဝယ်ရေးဇုန် လက်တွေ့လုပ်ဖို့ အခက်အခဲ ရှိပေမယ့်လည်း ရေရှည် အကျိုးရှိမှာမို့ ထိုင်းနိုင်ငံက တွန်းအားပေး သွားမယ်လို့ ထိုင်းအစိုးရ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဖတ်ဒီဟန် ဟိမထောင်းခမ်းက ဘီဘီစီကို ပြောပါတယ်။

စပါး စိုက်ပျိုး ထုတ်လုပ်တဲ့ အာဆီယံ နိုင်ငံတွေကြားမှာ စုပေါင်းလုပ်ဖို့ အဆင့် ၃ ဆင့် ဆက်သွယ် ဆောင်ရွက်ဖို့ စီစဉ်ထားပြီး ကုန်သွယ်ရေး ဝန်ကြီးအဆင့် ဆွေးနွေးရေး၊ ကော်မတီ အဆင့် ၊ ဆန်စက်ပိုင်ရှင် အသင်းနဲ့ ဆန်ကုန်သည်များ ပူးပေါင်း ဆောင်ရွက်ရေးတွေ ဖြစ်ပါတယ်။

အရည်အသွေးမြင့် ဆန်ထုတ်လုပ်ရေးနဲ့ စျေးနှုန်း ထိန်းညှိနိုင်ရေး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

အာဆီယံ ဆန်အရောင်းဝယ် ဇုန်လုပ်ဆောင်ရေးဟာ ကောင်းမွန်ပေမယ့် လတ်တလော အခြေအနေအရ ထိုင်းနိုင်ငံသာ ပိုအကျိုးရှိမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး ဦးဝင်းအေးဖေ သုံးသပ်ပါတယ်။

ဗီယက်နမ်က ထိုင်းထက် မနှစ်က ဆန်ပိုပြီး တင်ပို့ နိုင်တာလို စျေးကွက်ပြိုင်လာမှာ တွေကို ထိန်းညှိဖို့ ထိုင်းက ကြိုးစားတာလို့ ဆိုပါတယ်။

လောင်စာဆီ ထုတ်လုပ်တဲ့ နိုင်ငံတွေက အိုပက်အဖွဲ့ဖွဲ့ပြီး စျေးနှုန်း ထိန်းနိုင်ပေမယ့် ပုတ်လွယ်ပျက်လွယ်တဲ့ ဆန်ကို ထိန်းသိမ်းဖို့ မလွယ်ဘူးလို့ ဆန်ကုန်သည်တွေက ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။