BBC navigation

ဆီတင်ရထားမီးလောင်မှု သေဆုံးသူ ၃၀ ရှိလာ

နောက်ဆုံး ရေးသားချိန် 13 နိုဝင်ဘာလ 2012 - 17:12 GMT
_train_accident_kantbalu

စစ်ကိုင်းတိုင်း ကန့်ဘလူ အနီး ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင်ခဲ့(ဓါတ်ပုံ ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ကန့်ဘလူမြို့နယ်၊ ချပ်ကြီး ဘူတာအဝင်မှာ လောင်စာ ဆီတင် ထားတဲ့ ရထားတွဲ ဘီးချော် တိမ်းမှောက် ရာက ဖိတ်စင်တဲ့ လောင်စာဆီ တွေကို ရွာသားတွေ လာရောက် ခပ်ယူနေတုန်း မီးလောင်မှုဖြစ်ပွားလို့ ဒဏ်ရာရ သူတွေထဲက နောက်ထပ် သေဆုံးမှု တွေရှိလာပါတယ်။

ဆေးဝါး အခက်အခဲလည်း ရှိတာကြောင့် ဆရာဝန်တွေက တတ်နိုင် သလောက် ကြိုးစား ဆောင်ရွက် နေရပါတယ်။

သောကြာနေ့တုန်း ရထားက ဖိတ်ချလာတဲ့ လောင်စာဆီ တွေကနေ မီးလောင်မှုကြောင့် ၂၅ ဦးသေဆုံးပြီး ဆေးရုံမှာ ကုသမှု ခံနေရင်း ပြီးခဲ့တဲ့ရက်က ၄ ဦး သေဆုံးခဲ့ ပါတယ်။ ဒီနေ့မှာ ၁ ဦးထပ်ပြီးသေဆုံးတာကြောင့် သေဆုံးသူ အားလုံး အယောက် ၃ဝ ဖြစ်သွားပါတယ်။

နောက်ဆုံး အခြေအနေကို ကန့်ဘလူ ဆေးရုံအုပ် ဒေါက်တာ မိုးမြင့်ဝင်းက ရှင်းပြ ရာမှာတော့ အခု ဆေးရုံတက် နေရသူပေါင်း ၈၅ ဦး ရှိနေသေးတဲ့ အကြောင်း၊ အဲဒီ အထဲမှာ ၁၅ ဦးလောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ အကြောင်းနဲ့ ဆေးဝါး အတွက်ကိုတော့ ကျန်းမာရေး ဝန်ကြီး ဌာနနဲ့ စေတနာရှင် တွေက ဝိုင်းဝန်းပံ့ပိုး ပေးနေတဲ့ အကြောင်းလည်း ပြောပါတယ်။ အဲဒီကို ဆေးဝါးလှူဒါန်း လိုရင်တော့ ဒေါက်တာ မိုးမြင့်ဝင်း၊ ဆေးရုံအုပ်၊ ကန့်ဘလူ ဆိုပြီး ဆက်သွယ် လှူဒါန်း နိုင်ကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

အကူအညီတွေပေးရေးနဲ့ ဖြစ်ရပ်မှန် ဖေါ်ထုတ်ဖို့အတွက် စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်နေတယ်လို့ ရထားဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရဦးသောင်းလွင်က ဘီဘီစီကို ရှင်းပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။