BBC navigation

အိန္ဒိယရောက် မြန်မာတွေနဲ့ ဒေါ်စုတွေ့မယ်

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 22:36 GMT
လေဒီရှရီရမ် ကျောင်းအုပ်ကြီး

လေဒီရှရီရမ် ကျောင်းအုပ်ကြီး

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၉နာရီခွဲမှာ နယူးဒေလီ အရှေ့တောင်ပိုင်းက လေဒီရှရီရမ် ကောလိပ်ကို သွားမှာ ဖြစ်ပါတယ်။

ဒီကောလိပ်မှာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သင်ကြား ခဲ့ပါတယ်။

သူနဲ့ အတန်းအတူ တက်ခဲ့ရတဲ့ ကျောင်းသူဟောင်း တွေနဲ့ တွေ့မှာဖြစ်သလို လက်ရှိ ပညာသင်နေတဲ့ ကျောင်းသူလေးတွေနဲ့လည်း အပြန်အလှန် စကားပြောတာတွေ လုပ်မှာ ဖြစ်ပါတယ်။

အဲဒီနောက် သူနိုဗယ်ဆုရတဲ့ ရံပုံငွေနဲ့မတည်ပြီး မြန်မာ ကျောင်းသားတွေအတွက် ရည်ရွယ်ဖွင့်ထားတဲ့ ပရော့စပက်ဘားမား အခမဲ့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ သင်ပေးတဲ့ ကျောင်းကို သွားမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အိန္ဒိယနွယ်ဖွား စာရေးဆရာ ဦးမောသီရိ တည်ထောင်ထားတဲ့ မြန်မာဒုက္ခသည် ကလေးတွေ ပညာသင်နေတဲ့ အောက်စဖို့ဒ် အထက်တန်းကျောင်းမှာ မြန်မာ အသိုင်းအဝိုင်းနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။

ဒီတွေ့ဆုံပွဲပြီးရင် ဘင်္ဂလောမြို့က နည်းပညာ တက္ကသိုလ် တခုကို ဒေါ်အောင်ဆန်းစုကြည် သွားလေ့လာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။