BBC navigation

မြန်မာ ပို့ကုန် ပိတ်ဆို့မှု ကန်အဆုံးသတ်

နောက်ဆုံး ရေးသားချိန် 16 နိုဝင်ဘာလ 2012 - 22:36 GMT
burma

မြန်မာ့ ပြုပြင်ရေး ခြေလှမ်းတွေ မြန်ဆန်လာ

အမေရိကန် သမ္မတ အိုဘားမား မရောက်ခင် ရက်ပိုင်း အတွင်းမှာပဲ မြန်မာ နိုင်ငံက ပို့ကုန် အများစု ပိတ်ပင်ထားတာကို ပြန်ဖွင့်ပေး လိုက်ပါတယ်။

ဒီလို ဆယ်နှစ်ကြာ ပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေး လိုက်တာဟာ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ထောက်ခံ အားပေးဖို့၊ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ အတွက် အခွင့်အရေး သစ်တွေ ရစေချင်လို့ ဖြစ်ကြောင်း အမေရိကန် အာဏာပိုင် တွေက ဆိုပါတယ်။

ပို့ကုန် ပိတ်ဆို့မှု လျှော့ပေါ့ ပေးလိုက်ရင် မြန်မာ နိုင်ငံ ကမ္ဘာ့ စီးပွားရေး နဲ့ အမြန် ချိတ်ဆက်မိ နိုင်ဖို့ တွန်းအားသစ် ဖြစ်လာမယ်လို့ မြန်မာ အစိုးရက ပြောကြား ခဲ့ပါတယ်။

ကျောက်မျက် ရတနာတွေ တင်သွင်းခွင့် ပိတ်ထားတာ ကတော့ ဆက်ပြီး ရှိနေအုံးမှာ ဖြစ်ပါတယ်။

တနင်္လာ နေ့မှာ တော့ စစ်အုပ်စိုးမှု အောက်မှာ အနှစ် ၅ဝ နီးပါး နေခဲ့ရပြီးနောက် ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေ မြန်မြန်ဆန်ဆန် လုပ်နေတဲ့ မြန်မာ နိုင်ငံကို အမေရိကန် သမ္မတ အိုဘားမား သွားမှာ ဖြစ်ပါတယ်။

ဆက်ဆံရေး တွေ ပုံမှန် ပြန်စရေးမှာ အမေရိကန် ဘက်က ချဉ်းကပ်ပုံက သိပ်မြန်လွန်း နေတယ်လို့လဲ နိုင်ငံရေး လှုပ်ရှားသူ တချို့က ဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။