BBC navigation

ရိုဟင်ဂျာ အရေး ဒုစစ်ဦးစီးချုပ် ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 17 နိုဝင်ဘာလ 2012 - 02:22 GMT
rohingya

ဘင်္ဂါလီလို့ ဖေါ်ပြရင် လက်မှတ်မထိုးနိုင်

ဒုကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး လှမင်း၊ လဝကနဲ့ ရခိုင် ဝန်ကြီးချုပ်တို့ အဖွဲ့ ဗုဒ္ဓဟူးနေ့က စစ်တွေ မွတ်ဆလင် လူကြီး တွေနဲ့ ရိုဟင်ဂျာ အရေး ဆွေးနွေး ခဲ့ကြပါတယ်။

မွတ်ဆလင် အရေး စစ်တမ်း ကောက်ဖို့ ပေါက်တောမှာ စစစ်တော့ လူမျိုး နေရာမှာ ဘင်္ဂါလီလို့ ရေးမယ် ဆိုတော့ သူတို့ဟာ ရိုဟင်ဂျာဖြစ်တယ်၊ ဘင်္ဂါလီ ဆိုရင် လက်မှတ်မထိုးဘူးလို့ ငြင်းဆို ကြပါတယ်။

ဒါကို စစ်တွေမှာရှိတဲ့ မွတ်ဆလင် ရပ်မိရပ်ဖနဲ့ ဘာသာရေး ခေါင်းဆောင်တွေ နားချ ပေးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့ အဖွဲ့က ပြောဆို ပါတယ်။

စစ်တွေက မွတ်ဆလင်တွေ ကလည်း ဘင်္ဂါလီလို့ ရေးမှာကို လက်မခံကြဘူး။

လူမျိုးနေရာမှာ ကွက်လပ်ချန်ပြီး စစ်တမ်းကောက်မယ် ဆိုတော့လဲ ရိုဟင်ဂျာလို့ ဖြည့်တဲ့ ရွာတွေမှာ ဘင်္ဂါလီလို့ လူဝင်မှု ကြီးကြပ်ရေးက ပြင်ပစ်တယ် ဆိုပြီး မယုံကြည် ကြလို့ လက်မခံ ကြပါဘူး။

အမေရိကန် သမ္မတ အိုဘားမား မြန်မာပြည် မသွားမီ အမေရိကန် အဆင့်မြင့် အရာရှိကြီးတွေ ကြိုတင်ပြီး သောကြာနေ့က ဘင်္ဂလားဒေ့ရှ်က ကူတို့ ပလောင်နဲ့ နာယာ ပါရာ မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို စစ်ဆေး ခဲ့ပါတယ်။

အမေရိကန် လက်ထောက် လူထု လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဝန်ကြီး မာရီယာ အိုတီရိုက တခြား ပြဿနာတွေ ရှိပေမယ့် ရိုဟင်ဂျာ ပြဿနာကို အမေရိကန် သမ္မတကို တင်ပြ ပြီး ရေရှည် တည်တံ့တဲ့ ရလဒ် အဖြေရှာမယ်လို့ ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရကို လည်း ရိုဟင်ဂျာ ဒုက္ခသည် တွေ မြန်မာနိုင်ငံ ပြန်မပို့ဖို့နဲ့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားဖို့ အမေရိကန် အဖွဲ့က မေတ္တာရပ်ခံ ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။