BBC navigation

သမ္မတအိုဘားမား မြန်မာနိုင်ငံကို ဆိုက်ရောက်

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 03:49 GMT

သမ္မတ အိုဘားမားကို မိန်ကလေးငယ်မှ ပန်းစီး ဆက်

အမေရိကန် သမ္မတ အိုဘားမား ရဲ့ Air Force One လေယာဉ်ကြီးဟာ မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာ စံတော်ချိန် မနက် ၉ နာရီ ၃၈ မိနစ် အချိန်လောက်မှာ ဆိုက်ရောက်လာခဲ့ပါတယ်။

လေယာဉ် တခါးဖွင့်ပြီးနောက် မစ္စတာ အိုဘားမား လေယာဉ် ပေါ်ကနေ ဆင်းလာဖို့ အတွက် ၅ မိနစ်လောက် အချိန်စောင့်ခဲ့ ရပါတယ်။

အဲဒီနောက် မှာတော့ သမ္မတ အိုဘားမားဟာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့အတူ လေယာဉ်ပေါ်ကနေ ဆင်းသက်လာချိန်မှာတော့ လေဆိပ်အောက်မှာ စောင့်နေတဲ့ မြန်မာနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ကနေ တီးမှုတ် ဂုဏ်ပြုခဲ့ပါတယ်။

လေယာဉ်အောက်မှာတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အဖွဲ့က မစ္စတာ အိုဘားမားကို ရင်းနှီးပျူငှာစွာ ကြိုဆိုခဲ့ပါတယ်။

မြန်မာ မိန်းကလေးယ် တဦးက သမ္မတ အိုဘားမားကို အမှတ်တရာ ပန်းစီး ပေးအပ် နေချိန်မှာတော့ မစ္စတာ အိုဘားမားက အဲဒီ ကလေးမလေးကို စကားတွေ အများကြီး ပြောနေခဲ့ပါတယ်။

အဲဒီနောက် မြန်မာ နိုင်ငံခြားရေး ဦးဝဏ္ဏမောင်လွင်နဲ့ အတူ သမ္မတစီးမယ့် ကားစီကို လမ်းလျှောက် သွားခဲ့ကြပါတယ်။

သမ္မတ အိုဘားမား ဟာကားပေါ်တက်ပြီးနောက် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်စီကို ထွက်ခွာသွားပါတယ်။

လမ်းတလျှောက် ကျောင်းသူ ကျောင်းသား၊ ပြည်သူအများနဲ့ သံဃာတော်တွေကပါ သမ္မတ အိုဘားမားကို ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။