BBC navigation

မြန်မာကို ထောက်ခံသွားမယ်လို့ အိုဘားမား ကတိပြု

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 10:18 GMT

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မရှိဘဲနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်လို့ မရဘူးလို့ပြော

မြန်မာ အစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ အတွက် ဆက်လက် ထောက်ခံ သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ကတိပြု ပြောကြား သွားပါတယ်။

အမေရိကန် သမ္မတ တဦး အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ သမ္မတ အိုဘားမားဟာ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ မြန်မာ ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မရှိဘဲနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လို့ မရဘူးလို့လည်း သမ္မတက ပြောပါတယ်။

မြန်မာပြည် ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် မှုတွေနဲ့ ပတ်သက်ပြီး အန္တရယ် ရှိတယ်လို့လည်း သမ္မတ က သတိပေး ပြောကြားသွားပါတယ်။

အခုလို မိန့်ခွန်း မပြောခင် အစောပိုင်းမှာတော့ သမ္မတ အိုဘားမားဟာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ သူမရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။