BBC navigation

IAEA နဲ့ မြန်မာ နောက်ဆက်တွဲ စာချုပ်

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 02:16 GMT
iaea flag

IAEA ကြောင့် နိုင်ငံတကာနဲ့ ပူးပေါင်းနိုင်မယ်

မြန်မာ အစိုးရ နဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ နောက်ဆက်တွဲ စာချုပ် ချုပ်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော် သဘောတူညီချက် ယူဖို့ သမ္မတက လွှတ်တော်ကို တနင်္လာနေ့က သဝဏ်လွှာ ပို့ခဲ့ပါတယ်။

နျူကလီးယား လက်နက်မပြန့်ပွားရေး၊ နျူကလီးယား လက်နက် ဖျက်သိမ်းရေး နဲ့ နျူကလီးယား ကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုရေး မြန်မာနိုင်ငံက ၁၉၉၂ ခုနှစ်က လက်မှတ်ထိုး ခဲ့ပြီဖြစ်ပါတယ်။

လုပ်ငန်းလိုအပ်ချက် အရ အဖွဲ့ဝင် နိုင်ငံတွေ နောက်ဆက်တွဲ လက်မှတ်ထိုး ရပါတယ်။

ဒီလို လက်မှတ်ထိုး တဲ့အတွက် နျူကလီးယားနဲ့ ပတ်သက်ရင် ပွင့်လင်းမှုရှိပြီး IAEA အဖွဲ့က အချိန်မရွေး စစ်ဆေးနိုင်ပါတယ်။

နှစ်စဉ် ဝင်ကြေးပေး ပေမယ့်လည်း ငွေကြေး မတတ်နိုင်တဲ့ နိုင်ငံတွေအတွက် နျူကလီးယား နည်းပညာနဲ့ အထောက်အပံ့တွေ အများကြီးရတဲ့ အကျိုးရှိပါတယ်။

နျူကလီးယားနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတဲ့ မြန်မာအတွက် ပွင့်လင်းမှုရှိပြီး နိုင်ငံတကာနဲ့ ပူးပေါင်းတာ ပြနိုင်တယ်လို့ ထိုင်းနိုင်ငံ ချူလာလောင်ကောင် တက္ကသိုလ် နျူကလီးယား သုတေသန ပညာရှင် နရေ့တ် ကျန်းခေါင်က ရှင်းပြပါတယ်။

အခုအခါ နျူးကလီးယားဟာ နေ့စဉ်လူမှုဘဝမှာ အများကြီး ပါဝင်ပတ်သက် လာနေတာ တွေ့ရပါတယ်။

ကျန်းမာရေးအတွက် ဓါတ်ရောင်ခြည်နဲ့ ဆေးကုသမှုတွေ အများကြီး လုပ်လို့ရပြီး စိုက်ပျိုးရေးမှာ မျိုးပွားမှုအတွက် သုံးနိုင်သလို အသီးအနှံ ထိန်းသိမ်းရေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် နျူကလီယားကို နိုင်ငံတခုချင်း အလိုက် သုံးစွဲဖို့ လိုလာသလို နိုင်ငံတိုင်းမှာ နျူးကလီးယား ကျွမ်းကျင် ပညာရှင်တွေ ရှိဖို့ လိုနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။